ဂျီ​ဟာ့ဒ်​ဒီ ဂျွန် ဘယ်​သူ​လဲ ပေါ်လာပြီ

  • 26 ဖေဖော်ဝါရီ 2015
_jihadi_john_ ဓာတ်ပုံ မူပိုင် b
Image caption Mohammed Emwazi ဟာ ကူဝိတ် မှာ မွေးကာ လန်ဒန်မြို့ မှာ ပညာ သင်ခဲ့သူ ဖြစ်ပါတယ်။

အစ္စလာမ်မစ် အစွန်းရောက် IS အဖွဲ့ က လူတွေ ကို ခေါင်းဖြတ် သတ်တဲ့ ဗီဒီယို တွေထဲ မျက်နှာဖုံးစွပ် ဓားကိုင် လျက်သား တွေ့ခဲ့ ကြရပြီး ဂျီဟာ့ဒ်ဒီ ဂျွန် လို့ နာမည်ပေး ခံထားရသူ ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ပေါ်ထွက် လာပြီ ဖြစ်ပါတယ်။ ထိုသူရဲ့ နာမည်ရင်း ဟာ Mohammed Emwazi လို့ ခေါ်ပါတယ်။

အမေရိကန် ဇာနယ်ဇင်းသမား James Foley နဲ့ ဗြိတိသျှ ပရဟိတ သမား Alan Henning တို့ အပါအဝင်၊ တခြားသူတွေ ကို IS အဖွဲ့က ခေါင်းဖြတ် သတ်တာ ကို ရိုက်ပြထား တဲ့ ဗီဒီယို တွေထဲမှာ Mohammed Emwazi ဟာ အမည်းရောင် ဝတ်ရုံ ခြုံထားပြီး အနောက်တိုင်း ကို ဒေါသတကြီး ဝေဖန် ပြစ်တင် နေတာတွေ ကို တွေ့ခဲ့ ရပါတယ်။

သူဟာ အသက် ၂၅ ဝန်းကျင် ရှိပြီး ကူဝိတ် မှာ မွေးကာ လန်ဒန်မြို့ မှာ ပညာ သင်ခဲ့သူ ဖြစ်ပါတယ်။

ဗြိတိသျှ ထောက်လှမ်းရေး တွေ ရဲ့ သတိထား စောင့်ကြည့် ခံရသူတွေ ထဲ ပါဝင် ခဲ့တဲ့ Mohammed Emwazi ဟာ ကူဝိတ်မှာ အလုပ် ရခဲ့ပြီး ၂၀၁၃ ခုနှစ် လန်ဒန် ကို ပြန်လာ အလည် မှာ ဗြိတိသျှ အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့ရဲ့ ထိန်းသိမ်း တာကို ခံခဲ့ ရပါတယ်။

အဲဒီ့နောက် ကူဝိတ် ကို ပြန်သွားလို့ မရ အောင် ဗြိတိသျှ အာဏာပိုင် တွေ က တားဆီး ထားခဲ့ ပေမယ့် နောက် လ အနည်းငယ် အတွင်းမှာပဲ Mohammed Emwazi ဟာ ဆီရီးယား နိုင်ငံ ကို လစ်ထွက် သွားနိုင် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ