ထိုင်း တော်ဝင် မင်းသမီးဟောင်းရဲ့ မိဘတွေ အဖမ်းခံရ

  • 27 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အိမ်ရှေ့စံ မင်းသား(ဝဲ)ရဲ့ တတိယမြောက် ဇနီး ဖြစ်တဲ့ မင်းသမီးဟောင်း Srirasmi (ယာ)

ထိုင်းနိုင်ငံမှာ ဘုရင် မိသားစုကို အကြည်ညို ပျက်စေမှု စွဲချက်တွေနဲ့ တော်ဝင် မင်းသမီးဟောင်း တစ်ယောက်ရဲ့ မိဘ နှစ်ဦးကို ရဲတွေက ထိန်းသိမ်း လိုက်ပါတယ်။

မင်းသမီးဟောင်း Srirasmi Suwadee ရဲ့ မိဘတွေက သူတို့ဟာ တော်ဝင် မိသားစုနဲ့ ဆက်နွယ် ပတ်သက်မှုကို အလွဲသုံးပြီး လွန်ခဲ့တဲ့ ၁၂ နှစ်က အိမ်နီးချင်း တစ်ယောက်ကို လိမ်လည်မှု စွဲချက်နဲ့ ထောင်ကျ စေခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

မစ္စ ဆရီ ရက်ဆမီ ဟာ ထိုင်း အိမ်ရှေ့စံ မင်းသား Maha Vajiralongkorn ရဲ့ ကြင်ယာတော် ဖြစ်ခဲ့ဖူးပြီး ကွာရှင်းခဲ့သူ ဖြစ်ပါတယ်။

ထိုင်း တော်ဝင် မိသားစုအပေါ် အကြည်ညို ပျက်စေမှု စွဲချက်တွေနဲ့ ထိန်းသိမ်းခံရသူတွေ ထဲမှာ ပြီးခဲ့တဲ့ နှစ်ကုန်က စလို့ အခု အချိန်အထိ မစ္စ ဆရီ ရက်ဆမီရဲ့ မိသားစုဝင် စုစုပေါင်း ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ထိုင်း နိုင်ငံမှာ တော်ဝင် မိသားစုကို အကြည်ညို ပျက်စေမှု စွဲချက်ကို စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုမို တိုးမြှင့် အသုံးပြုလာတာ တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ