ရုရှ အတိုက်အခံ သတ်ခံရမှု စုံစမ်းစစ်ဆေး

  • 28 ဖေဖော်ဝါရီ 2015
Nemtsov ဓာတ်ပုံ မူပိုင် AP
Image caption ရုရှ အစိုးရကို ဝေဖန်ရဲသူလို့ ချီးကျူးခံရ

မနေ့ညက မော်စကိုမှာ ပစ်သတ်ခံရတဲ့ ရုရှ အတိုက်အခံ ခေါင်းဆောင် ဘောရစ် နမ်ဆော့ဗ် အမှု ကို စစ်ဆေးဖို့ ကော်မတီကို ရုရှ သမ္မတ ပူတင် က ဖွဲ့စည်း လိုက်ပါတယ်။

ဒီတိုက်ခိုက်မှု ဟာ တင်ကူး ကြံစည် မှု ဖြစ်ပြီး အစ္စလာမ္မစ် စစ်သွေးကြွ တွေ လက်ချက် လား၊ ယူကရိန်း ပဋိပက္ခ နဲ့ ဆက်နွယ် နေသလား စုံစမ်း စစ်ဆေးမှု တွေ လုပ်နေတယ် လို့ စစ်ဆေးရေး ကော်မတီက ပထမဆုံး ထုတ်ပြန် လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ရုရှ အစိုးရ ပါဝင်တယ် ဆိုတဲ့ စွပ်စွဲချက်ကို အဓိပ္ပာယ် လုံးဝ မရှိဘူးလို့ အစိုးရ က ပြင်းထန်စွာ ပယ်ချ ခဲ့ပါတယ်။

ပြင်သစ်က ရှာလီ အက်ဘ်ဒို မဂ္ဂဇင်း တိုက်ခိုက် ခံရမှုမှာ သူ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး မစ္စတာ နမ်ဆော့ဗ် ကို ခြိမ်းခြောက်မှု တွေ ရထားတာ ရှိတယ် လို့ စစ်ဆေးရေး ကော်မတီ ပြောခွင့်ရ ပုဂ္ဂိုလ် Vladimir Markin က ပြောကြား ခဲ့ပါတယ်။

မစ္စတာ နမ်ဆော့ဗ် ကို ကရင်မလင် နန်းတော် နားက တံတား တစင်း ပေါ်မှာ နောက်ကျော က နေ ၄ ချက် ပစ်ခံခဲ့ရတယ် လို့ လည်း ကော်မတီက ထုတ်ပြန် ပါတယ်။

လုပ်ကြံသူ တွေ ဟာ သူ ဘယ်ကို သွားလာ လှုပ်ရှားတယ် ဆိုတာတွေကို သိရှိသူတွေ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒီလူတွေက ပစ်ခတ် ပြီးနောက် ကားနဲ့ ထွက်ပြေး သွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ