စစ်ရေးလေ့ကျင့်ချိန် မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်

ဓာတ်ပုံ မူပိုင် AP
Image caption စစ်ရေး လေ့ကျင့်မှုက ကိုရီးယား ကျွန်းဆွယ်မှာ နှစ်စဉ် တင်းမာမှုတွေ ဖြစ်ပေါ်

တောင်ကိုရီးယား နိုင်ငံမှာ နှစ်စဉ် ပြုလုပ်နေကျ ဖြစ်တဲ့ အမေရိကန်နဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှု အစီအစဉ်တွေ စတင် လိုက်ပြီးနောက် မြောက်ကိုရီးယား တို့က တာတိုပစ် ဒုံးကျည် နှစ်စင်းကို ပင်လယ်ထဲ ပစ်လွှတ် ခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

မိုင် ၃၀၀ ကျော် အကွာအဝေး အထိ ပစ်လွှတ် နိုင်တဲ့ အဲဒီ တာတိုပစ် ဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယား အနောက်ပိုင်း နမ်ပို မြို့ကနေ ကိုရီးယား ကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ထဲကို ပစ်လွှတ် ခဲ့တာလို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

တပ်ဖွဲ့ဝင် သောင်းနဲ့ချီ ပါဝင်တဲ့ စစ်ရေး လေ့ကျင့်မှု အစီအစဉ်က မြောက်ကိုရီးယားကို နှစ်စဉ် ဒေါသ ထွက်စေပြီး အခုလို ဒုံးကျည်တွေ ပစ်လွှတ်ကာ မကျေနပ်မှုကို ဖော်ပြလေ့ ရှိပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် တို့က ဒီ လေ့ကျင့်မှုတွေကို ခုခံ ကာကွယ်ရေး အတွက် ပြုလုပ်တာလို့ ဖော်ပြ ပေမယ့် မြောက်ကိုရီးယား တို့ကတော့ ဒါဟာ နယ်ချဲ့ဖို့ အတွက် လေ့ကျင့်တာလို့ သုံးနှုန်း ခေါ်ဆို ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ