နျူ လုပ်ဆောင်မှု ရေရှည် ရပ်နားဖို့ အီရန် လက်မခံ

  • 3 မတ် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရန်ရဲ့ နျူ အစီအစဉ် အပေါ် သဘောတူညီချက် ရဖို့ အခက်အခဲတွေ ရှိနေဟု အိုဘားမား ဆို။

အီရန် နိုင်ငံရဲ့ နျူကလီးယား အစီအစဉ် အပေါ် အမေရိကန်ရဲ့ လက်ခံမှုကို ရဖို့အတွက် ဆိုရင် အီရန် အနေနဲ့ နျူကလီးယားနဲ့ ပတ်သက်တဲ့ ထိရှလွယ်တဲ့ လုပ်ဆောင်မှု တွေကို အနည်းဆုံး ၁၀ နှစ်ကြာ ရပ်ဆိုင်းဖို့ လိုကြောင်း အမေရိကန် သမ္မတ အိုဘားမားရဲ့ ပြောဆိုမှုကို အီရန်က ပယ်ချလိုက်ပါတယ်။

သမ္မတ အိုဘားမားရဲ့ တောင်းဆိုမှုဟာ အလွန်အကျွံ ဖြစ်နေပြီး ယုတ္တိ မတန်ကြောင်း၊ လက်ခံနိုင်ဖွယ် မရှိဘဲ ခြိမ်းခြောက်တဲ့ သဘော သက်ရောက်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး မတ်လ ၃၁ ရက် မတိုင်မီ အကြမ်းဖျင်း သဘောတူညီချက် ရဖို့ သတ်မှတ် ထားတာကြောင့် အရေးကြီးတဲ့ ညှိနှိုင်းမှု အဆင့်ကို ရောက်နေ ပါတယ်။

အီရန်ရဲ့ နျုကလီယာ လက်နက် ထုတ်လုပ် နိုင်စွမ်းကို ကန့်သတ် ထိန်းချုပ်မယ် ဆိုရင် အပြန်အလှန် အနေနဲ့ အမေရိကန်က အီရန် အပေါ် ချမှတ် ထားတဲ့ ပိတ်ဆို့ အရေးယူမှု တွေကို ဖြေလျှော့ ပေးမယ် ဆိုတဲ့ သဘောတူညီမှု ရလာဖို့ ညှိနှိုင်း နေတာ ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ကတော့ ဒီကနေ့ အင်္ဂါနေ့မှာ အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ကန့်ကွက် ပြောဆိုမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ