အီရန်အရေး အမေရိကန် အစိုးရ နဲ့ အစ္စရေး ကွဲလွဲချက်

  • 3 မတ် 2015
9_israel_acusa_eeuu_iran_ ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေးစ ဝန်ကြီးချုပ် နက်တန်ညာဟု

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နက်တန်ညာဟု က ရီပတ်ဗလီကင် အမတ်တွေ ဖိတ်ကြားချက် အရ ကွန်ဂရက် လွှတ်တော် မှာ အီရန် ရဲ့ နျူကလိယပ် အစီအစဉ် ကို ဝေဖန်ပြီး အီရန် ဟာ အရှေ့ အလယ်ပိုင်း နိုင်ငံတွေ အတွင်း မှာ ခလောက်ဆန်နေ ယင်း အစ္စရေး ကို အားအင် ချိနဲ့အောင် ပြုလုပ်နေတယ် လို့ ပြောသွား ပါတယ်။ ဒါပေမဲ့ အစ္စရေး ဟာ ဟာ ကြန့်ကြန့် ခိုင်ဆဲ ဖြစ်တဲ့ အတွက် ကွန်ဂရက် အနေနဲ့ လက်ရှိ အိုဘားမား အစိုးရ က အီရန် နဲ့ သဘောတူညီမှု တခု ပြုခဲ့ရင် ဝိုင်းဝန်း ပိတ်ဆို့ ကြဖို့ ပန်ကြား သွားတာပါ။ အခုလို ဝန်ကြီးချုပ် နက်တန်ညာဟု ပြောဆို လိုက်ခြင်းဟာ အမေရိကန် ရဲ့ နိုင်ငံရေး မှာ တိုက်ရိုက် ဝင်စွက်တဲ့ သဘော လို ဘီဘီစီ အရှေ့အလယ်ပိုင်း ဆိုင်ရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင် က သုံးသပ်ပါတယ်။

သမ္မတ အိုဘားမား ကတော့ သူ့ အစိုးရ ကို အသိမပေးပဲ ကွန်ဂရက် မှာ လာရောက် မိန့်ခွန်းပြောတဲ့ ဝန်ကြီးချုပ် နက်တန်ညာဟု ဟာ သူတို့ အစိုးရ ချမှတ်ထား တဲ့ အီရန် နဲ့ ဆွေးနွေး အဖြေရှာရေး အပေါ် မှာ ဒီထက် ကောင်းမွန် သင့်မြတ်တဲ့ အကြံဉာဏ် လည်း မပေးနိုင်ခဲ့ပါဘူး လို့ ဝေဖန်ခဲ့ပါတယ်။

တကယ် လို့ အစိုးရ ရဲ့ စေ့စပ် ညှိနှိုင်းမှု အောင်မြင်ခဲ့ရင် အီရန် ဘက်ကနေ အနုမြူ လက်နက်တွေ ထုတ်လုပ်မှာ ကို တားဆီးနိုင်မှာပါ။ ဒါဟာ အကောင်းဆုံး အပေးအယူ သဘောတူညီချက်ပါ။ ဒီထက်ကောင်းတဲ့ အစီအစဉ် မရှိဘူး လို့ ထင်ပါတယ်။ ပိတ်ဆို့ ဒဏ်ခတ်မှု၊ စစ်ရေး အရ အရေးယူမှု စတာတွေ ဟာ လည်း အစိုးရ ဘက် က တင်ပြထားတဲ့ စေ့စပ် ညှိနှိုင်းမှု လို ထိရောက်မှာ မဟုတ်ဘူး လို့ ပြောသွားပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကလည်း ဝန်ကြီးချုပ် နက်တန်ညာဟု ဟာ အစ္စရေး ရွေးကောက်ပွဲ နီးလာလို့ မဲဆွယ်တဲ့ အသွင်ဆောင်တယ် လို့ ပြောသွားပါတယ်။