ဘော်​စ​တန်​မာ​ရ​သွန် ဗုံး​ကွဲ​မှု ကြားနာနေ

_boston_marathon_bombing_tamerlan ဓာတ်ပုံ မူပိုင် AP
Image caption အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ခဲ့ရင် သေဒဏ်ချဖို့ အစိုးရ အမှုလိုက် ရှေ့နေတွေက ရုံးတော် ကို တောင်းဆိုထား။

အမေရိကန် ပြည်ထောင်စု မှာ ဖြစ်ပေါ်ခဲ့ တဲ့ ၂၀၁၃ ခု ဘော်စတန် မြို့ မာရသွန် ဗုံးကွဲခဲ့မှု မှာ ကျူးလွန်ခဲ့ သူ အဖြစ် တရားရင် ဆိုင် နေရသူ ဂျက်ခါ့ဟ် ဆာနားရက်ဗ် ဟာ တိုက်ခိုက်မှု ထဲ ပါဝင် ခဲ့တာ ဟုတ်ပေမယ့် ခေါင်းဆောင် ဟာ သူ့ အစ်ကို ထမားလဲန် ဆာနားရက်ဗ် သာ ဖြစ်ပါကြောင်း သူ့ရဲ့ ရှေ့နေ ဖြစ်သူ က ရုံးတော် ကို ပြောကြား ခဲ့ပါတယ်။

ဘော်စတန် မာရသွန်ပွဲ ဗုံးကွဲမှု အတွင်း လူ ၃ ဦး သေဆုံးပြီး လူ ၂၀၀ ကျော် ဒဏ်ရာ ရှိစေခဲ့မှု အပြင် အခင်းဖြစ်ခဲ့ အပြီး နောက် ၃ ရက် အကြာမှာ ရဲ တစ်ဦး ကိုပါ သေနတ်နဲ့ ပစ်သတ် ခဲ့မှု နဲ့ ဂျက်ခါ့ဟ် ဆာနားရက်ဗ် ကို တရား စွဲဆို စစ်ဆေး နေတာ ဖြစ်ပါတယ်။

မာရသွန်ပွဲ ဗုံးကွဲ အပြီး ရဲတွေ က လိုက်လံ ဖမ်းစီးစဉ် အစ်ကို ဖြစ်သူ ထမားလဲန် ကို ပစ်ခတ်ပြီး အသေ ဖမ်းမိခဲ့ တာ ဖြစ်ပါတယ်။

တကယ်လို့ အပြစ်ရှိ ကြောင်း ရုံးတော် အနေနဲ့ ဆုံးဖြတ်ခဲ့ရင် ဂျက်ခါ့ဟ် ဆာနားရက်ဗ် ကို သေဒဏ် စီရင် ဖို့ အစိုးရ အမှုလိုက် ရှေ့နေတွေ က တောင်း ဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ