သြစတြေးလျ ၂ ဦးကို ကွပ်မျက်ဖို့ အင်ဒိုနီးရှား အသင့်ဖြစ်

ဓာတ်ပုံ မူပိုင် Reuters
Image caption သေဒဏ် စီရင်မယ့် ကျွန်းပေါ်က အကျဉ်းထောင်ကို ရွှေ့ပြောင်းခဲ့

အင်ဒိုနီးရှား နိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ် စီရင်ချက် ကျခံထားရတဲ့ သြစတြေလျ နိုင်ငံသား နှစ်ဦးကို သူတို့ကို သေဒဏ် စီရင်မယ့် ကျွန်းပေါ်က အကျဉ်းထောင်ကို ဒီကနေ့ ခေါ်ယူ သွားခဲ့ပါတယ်။

ဘယ်အချိန်မှာ သူတို့ကို သေနတ်နဲ့ ပစ်သတ် စီရင်မယ် ဆိုတာ မထုတ်ပြန်သေး ပေမယ့် အင်ဒိုနီးရှား ရှေ့နေချုပ် ကတော့ အားလုံး အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ်။

အင်ဒရူးချန်း Andrew Chan နဲ့ မျူရန် ဆူကူမာရန် Myuran Sukumaran တို့ဟာ ဘာလီ ကိုးယောက်လို့ လူသိများတဲ့ မူးယစ် မှောင်ခို ဂိုဏ်းရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့ ကတော့ သူ့ရဲ့ မေတ္တာရပ်ခံချက်ကို အင်ဒိုနီးရှားက အလေးမထားဘဲ သေဒဏ် စီရင်ချက်ကို ဆက်လုပ်မှာကို အကြီးအကျယ် စိတ်ပျက်ကြောင်း ပြောပါတယ်။

ဒီအမှုကို အကြောင်းပြုပြီး အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့ ဆက်ဆံရေးမှာ တင်းမာမှုတွေ ရှိလာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ