ဆိုးလ်မြို့မှာ အမေရိကန် သံအမတ် ဓားနဲ့ တိုက်ခိုက်ခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption နံနက်စာ စားပွဲဝိုင်းမှာ တိုက်ခိုက်ခံရ

တောင်ကိုရီးယား နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ရဲ့ မျက်နှာကို ကိုရီးယား အမျိုးသားရေး ဝါဒီ တစ်ယောက်က ဆိုးလ်မြို့မှာ ဓားနဲ့ လှီးဖြတ် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက် သံအမတ်ရဲ့ အခြေအနေ စိုးရိမ်ဖွယ်ရာ မရှိဘူးလို့ သိရပါတယ်။

အမေရိကန် သံအမတ် Mark Lippert ဟာ ဆိုးလ်မြို့မှာ ကျင်းပတဲ့ မနက်ခင်း အစည်းအဝေး တစ်ခုမှာ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပြီး မျက်နှာနဲ့ လက်ကောက်ဝတ်က ဒဏ်ရာတွေ အတွက် အချက် ၈၀လောက် ချုပ်ခဲ့ရပါတယ်။

မြောက်ကိုရီးယား အစိုးရကတော့ အခု တိုက်ခိုက်မှုဟာ သူတို့ အဆို အမေရိကန် စစ်ဘီလူးတွေ အတွက် အပြစ်ပေးမှု တစ်ခုသာ ဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ်။

သံအမတ်ကို တိုက်ခိုက်ခဲ့သူဟာ တောင်နဲ့ မြောက် ကိုရီးယား ပြန်လည် ပေါင်းစည်းရေး အော်ဟစ် တောင်းဆိုခဲ့တဲ့ ကင်မ် ကီဂျုန်း Kim Ki-jong ဆိုသူ ဖြစ်ပြီး သူနဲ့ မြောက်ကိုရီးယား အစိုးရကြား ဆက်နွယ်မှု ရှိမရှိ သိရဖို့ ရဲတွေက သူ့အိမ်ကို ရှာဖွေဖို့ ကြိုးစား နေပါတယ်။

တောင်ကိုရီးယားမှာ လွန်ခဲ့တဲ့ ၅ နှစ် ကလည်း တောင်ကိုရီးယား နိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကို လူတစ်ယောက်က ကျောက်ခဲနဲ့ ပစ်ပေါက်မှု ဖြစ်ပွားခဲ့ပြီး အဲဒီ လူကို ဆိုင်းငံ့ ထောင်ဒဏ် ချမှတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ