သူပုန် တပ်မှူး ကျဆုံးလို့ ဆီးရီးယားကြေညာ

 al nusra ဓာတ်ပုံ မူပိုင် AFP
Image caption al-Nusra တွေ အကြမ်းဖက် စာရင်းမှာ ပါ

Al Qaeda နဲ့ ဆက်နေတဲ့ al-Nusra သူပုန် တပ်ဦး က ထိပ်တန်း တပ်မှူး တယောက်ကို ဆီးရီးယား တပ်တွေက သုတ်သင် ခဲ့တယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံက ကြေညာ ပါတယ်။

Abu Homam al-Shami ကို တခြား သူပုန် ခေါင်းဆောင် ၃ ယောက်နဲ့ အတူ Idlib ခရိုင်မှာ အစည်းအဝေး ကျင်းပနေတုန်း လေကြောင်းက သုတ်သင် ခဲ့တာ လို့ ကြေညာ သွားပါတယ်။

တပ်မှူး သေဆုံးတဲ့ အကြောင်း al-Nusra တပ်ဦးက လူမှု သတင်း ဝက်ဆိုက်က ကြေညာ ခဲ့ပါတယ်။

al-Nusra တပ်တွေဟာ ဆီးရီးယား သမ္မတ Bashar al-Assad ကို ဖြုတ်ချ ဖို့ တိုက်နေတဲ့ အင်အား အကြီးဆုံး အုပ်စု တွေထဲမှာ ပါပြီး အလက်ပို မြို့ကို ဗုဒ္ဓဟူး နေ့က တိုက်ခိုက် ရာမှာ ပါဝင် ခဲ့ပါတယ်။

al-Nusra တပ်တွေနဲ့ ယာယီ အပစ်ရပ်စဲဖို့ လည်း ကုလ သမဂ္ဂက ကြိုးစားနေကြောင်း ဆီးရီးယား ဆိုင်ရာ ကုလ သံတမန် Staffan de Mistura က ပြောကြား ခဲ့ပါတယ်။

al-Nusra တွေ က အကြမ်းဖက် စာရင်းမှာ ပါနေလို့ ကုလ သမဂ္ဂနဲ့ ဆွေးနွေးမှု မရှိပေမယ့် လူတွေ အသက်ကို ကယ်တင်ဖို့ ဘယ်သူနဲ့ မဆို ဆွေးနွေးလိုကြောင်း မစ္စတာ de Mistura က ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ