ထိ​က​ရိ​မြို့​သိမ်းတိုက်​ပွဲ အောင်မြင်​မှု​တွေ ရှိ​နေ​ကြောင်း အီ​ရတ်​အစိုးရ​ပြော

shia_militia ဓာတ်ပုံ မူပိုင် na
Image caption ထိကရိမြို့ နားက အယ်လ်ဒေါ မြို့ထဲထိ အီရတ် အစိုးရ တပ်နဲ့ ပူးပေါင်း လက်နက်ကိုင်တွေ ဝင်ရောက်။

IS တွေ လက်ထဲ ကျရောက် နေတဲ့ အီရတ်နိုင်ငံ မြောက်ပိုင်းက ထိကရိ မြို့ ကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ လုပ်ဆောင် နေကြ တဲ့ အီရတ် အစိုးရတပ် တွေ နဲ့ ပူးပေါင်း အဖွဲ့တွေ ရဲ့ ထိုးစစ်တွေ မှာ သိသိသာသာ တိုးတက် မှု တွေ ရှိနေတယ် လို့ အီရတ် စစ်ဘက် က ပြောပါတယ်။

ထိကရိ မြို့ တောင် ဘက် ၆ မိုင် သာသာ လောက်ပဲ ဝေးတဲ့ အယ်လ် ဒေါ မြို့ ထဲ ကို အီရတ် စစ်တပ် နဲ့ ပူးပေါင်း အဖွဲ့တွေ ဝင်ရောက် သွားနိုင်ပြီ လို့ အီရတ် အာဏာပိုင် တွေ က ဆိုပါတယ်။

ဒါ့အပြင်၊ အီရတ် အနောက်ပိုင်း အယ်လ် ဘဂ္ဂါဒီ မြို့က IS တွေကို လည်း အီရတ် အစိုးရ တပ်တွေ က ရှင်းလင်း ခဲ့ပြီး ဖြစ်တယ် လို့ အမေရိကန် စစ်ဘက်က ပြောပါတယ်။

တခါ၊ အီရတ်နိုင်ငံ က ရှေးဟောင်း အာဆီးရီးယန်း ယဉ်ကျေးမှု အမွေအနှစ် တွေ ရှိရာ နမ္မရူ့ဒ် မြို့ ကို အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ ရဲ့ ဖျက်စီးမှု ဟာ စစ် ရာဇဝတ်မှု မြောက် တယ် ဆိုပြီး ကုလသမဂ္ဂ ရဲ့ ယဉ်ကျေးမှု ဆိုင်ရာ အေဂျင်စီ ယူနက်စ်ကို က ပြောဆို လိုက်ပါတယ်။

နမ္မရူ့ဒ် မြို့မှာ ရှိတဲ့ နှစ်ပေါင်း ၃ ထောင် သက်တမ်း ရှိတဲ့ ရုပ်ထု တွေ၊ နံရံ တွေ ကို ဘူလ်ဒိုဇာ တွေ သုံးပြီး မြကြီးပေါ် ပြားပြားဝပ် အောင် IS တွေ က ဖျက်ဆီး ခဲ့ပါတယ်။

မိုဆိုးလ်မြို့ ပြတိုက်ထဲ က ရှေးဟောင်းရုပ် ထု တွေ ကို လည်း ရုပ်ထုရုပ်ပွား ကိုးကွယ်မှု အမှားအယွင်း အဖြစ် သတ်မှတ် ကာ IS တွေ ဖျက်စီး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ