ပါလက်စတိုင်း ယာဉ်မောင်း အစ္စရေးအချို့ကို ဝင်တိုက်

ဓာတ်ပုံ မူပိုင် AFP
Image caption ယာဉ်မောင်းက ကားနဲ့ တိုက်ပြီးနောက် ဓားနဲ့ ထိုးဖို့ ကြိုးစားခဲ့

အစ္စရေး နိုင်ငံ ဂျေရုဆလင် မြို့မှာ ပါလက်စတိုင်း ယာဉ်မောင်း တစ်ယောက်က လမ်းဘေးက အစ္စရေး လူအုပ်ကို သူ့ကားနဲ့ ဝင်တိုက် ခဲ့တဲ့အတွက် ရဲမေ ၄ ဦးနဲ့ တခြား လူ တစ်ဦး ဒဏ်ရာ ရသွားတယ်လို့ အစ္စရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလို ဝင်တိုက် ပြီးနောက် ပါလက်စတိုင်း ယာဉ်မောင်းက လူတွေကို ဓားနဲ့ ထိုးဖို့လည်း ကြိုးစားခဲ့ရာမှာ ရဲအရာရှိ တွေက ပစ်ခတ် တားဆီး ခဲ့ရတဲ့ အတွက် အဲဒီ ယာဉ်မောင်း ဒဏ်ရာ ရသွားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဂျူးတွေရဲ့ Purim ပွဲတော် ကာလ လမ်းတွေပေါ် လူစည်ကားချိန်မှာ ပေါ်ပေါက် ခဲ့တာ ဖြစ်ပြီး၊ ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

မနှစ်က နှစ်ကုန်ပိုင်းမှာလည်း ဂျေရုဆလင် မြို့မှာ ပါလက်စတိုင်း ကားမောင်းသမား တွေရဲ့ အလားတူ တိုက်ခိုက်မှု တွေကြောင့် လူ ၃ ဦး သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ