ကန် သံအမတ် အတိုက်ခံရမှု တောင်ကိုရီးယား တရားစွဲဖို့ပြင်

ဓာတ်ပုံ မူပိုင် AFP
Image caption ဓား ဒဏ်ရာကြောင့် သံအမတ် အချက် ၈၀ လောက် ချုပ်ခဲ့ရ

တောင်ကိုရီးယား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ရဲ့ မျက်နှာကို ဓားနဲ့လှီး တိုက်ခိုက်ခဲ့တဲ့ ကင်မ် ကီဂျုန်း အပေါ် လူသတ်ရန် ကြံစည်မှု အပါအဝင် အခြား စွဲချက်တွေနဲ့ တရားစွဲဖို့ ပြင်ဆင် နေတယ်လို့ တောင်ကိုရီးယား ရဲက ပြောပါတယ်။

အဲဒီ သံအမတ် မစ္စတာ Mark Lippert ဟာ မနေ့တုန်းက မျက်နှာနဲ့ လက်ကို ဓားနဲ့လှီး တိုက်ခိုက် ခံခဲ့ရအပြီး ဆေးရုံတက် ကုသမှု ခံနေရာမှာ အခုအခါ ပြန်လည် နာလန်ထူ လာပြီလို့ သိရပါတယ်။

ဓားနဲ့ ခုတ်ခဲ့တဲ့ ကင်မ် ကီဂျုန်း Kim Ki-jong က အခင်း ဖြစ်ပွားချိန်မှာ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး အတွက် အော်ဟစ် တောင်းဆို ခဲ့ပါတယ်။

သူဟာ မြောက်ကိုရီးယား နိုင်ငံကို အကြိမ် အတော်များများ သွားရောက် လည်ပတ်ခဲ့တယ်လို့ သိရပြီး သူနဲ့ မြောက်ကိုရီးယား ဘယ်လို ဆက်နွယ် ပတ်သက် နေသလဲ ဆိုတာကို စုံစမ်း နေတယ်လို့ ရဲတွေက ပြောပါတယ်။

မစ္စတာ Mark Lippert ဟာ ဓားဒဏ်ရာ တွေကြောင့် အချက် ၈၀ လောက် ချုပ်ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ