ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖော်ထုတ်တဲ့ ရုပ်ရှင် ဖြုတ်ချခံရ

china pollution ဓာတ်ပုံ မူပိုင် Reuters
Image caption ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြောင့် ကျန်းမာရေး ထိခိုက်

တရုတ် နိုင်ငံရဲ့ ဆိုးရွားတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု အခြေအနေတွေကို ဖော်ထုတ်ပြတဲ့ ဗီဒီယို မှတ်တမ်းတင် ကား တရုတ် အင်တာနက် စာမျက်နှာ တွေက ပျောက်ကွယ် သွားတာဟာ တရုတ် အစိုးရရဲ့ ဆင်ဆာ ဖြတ်တောက်မှု ကြောင့် လို့ ယူ ဆ နေကြပါတယ်။

တရုတ် နိုင်ငံမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်ပွားတာကို အမိုးခုံး အောက်မှာ အမည်ရတဲ့ ဒီမှတ် တမ်း ရုပ်ရှင်က ရှင်းပြ ထားပါတယ်။

ဒီရုပ်ရှင် ကို သန်းနဲ့ ချီတဲ့ တရုတ် အင်တာနက် သုံးစွဲသူ တွေက ကြည့်ရှု ခဲ့ကြပါတယ်။

ပတ်ဝန်းကျင် ညစ်ညမ်းမှု ကို ဖြေရှင်းဖို့ အခက်အခဲ အများကြီး ရှိတယ် လို့ တရုတ် ပတ်ဝန်းကျင် ရေးရာ ဝန်ကြီး Chen Jining က ပြောကြား ခဲ့ပေမယ့် ဒီရုပ်ရှင် အကြောင်း ထည့်မပြော သွားခဲ့ပါဘူး။

ဒီရုပ်ရှင် လူကြည့်များခဲ့တဲ့ အတွက်ကြောင့် တရုတ် ကွန်မြူနစ် ခေါင်းဆောင်တွေ အရှက်ရ ခဲ့ပုံ ပေါ်တယ်လို့ သတင်းထောက် တွေက ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ