မလေးလေယာဉ်ပျောက် တနှစ်ပြည့် အစီရင်ခံစာထွက်

ဓာတ်ပုံ မူပိုင်
Image caption အစီရင် ခံစာဟာ ဘာမှ အဓိပ္ပါယ် မရှိ သုံးမရတဲ့ အစီရင် ခံစာ လို့ ဆွေမျိုး တွေ ပြော

မလေးရှား လေယာဉ် MH-370 ပျောက်ဆုံး သွားတဲ့ တနှစ်ပြည့် မှာတော့ မလေးရှား အစိုးရ ကနေ အစီရင် ခံစာ သစ်တခု ထုတ်ပြန် ရာမှာ လေယာဉ် ဝန်ထမ်းနဲ့ စက်ပိုင်း ဆိုင်ရာ ပြုပြင် ထိန်းသိမ်းမှု အပိုင်း မှာ ဘာ ပြဿနာ မတွေ့ ရှိရဘူး လို့ ဖေါ်ပြ ထား ပါတယ်။

ဒီ အစီရင် ခံစာ အပေါ် လေယာဉ်ပေါ် ပါသွား သူတွေရဲ့ မိဘ ဆွေမျိုးတွေ ကတော့ လက်မခံဘဲ ပယ်ချ လိုက် ပါတယ်။ ဒီ အစီရင် ခံစာဟာ ဘာမှ အဓိပ္ပါယ် မရှိ သုံးမရတဲ့ အစီရင် ခံစာ ဆိုပြီး ဆွေမျိုး သားချင်း တွေက ပြောကြ ပါတယ်။

ရေအောက် ရောက်ခဲ့ရင် နေရာ တည်ရှိ မှုကို ပြတဲ့ အချက်ပြ လှိုင်း ထုတ်လွှင့် ပေးတဲ့ စက်ရဲ့ ဘက်ထရီ အား ကလည်း လေယာဉ် မပျောက် ဆုံးခင် တနှစ်ကျော် ကတည်းက အားကုန် နေခဲ့ ပြီ ဖြစ်ကြောင်း ၊ ဒီအတွက် ကနဦး ရှာဖွေ မှုတွေကို ခက်ခဲ စေခဲ့ တာလို့ အစီရင် ခံစာမှာ ဖေါ်ပြထား ပါတယ်။

သြစတြေးလျနဲ့ မလေးရှား ဝန်ကြီးချုပ် တွေ ကတော့ လေယာဉ် ရှာဖွေ မှုကို ဆက်လုပ် သွားမှာ ဖြစ်တယ်လို့ ကတိ ပေးသွား ပါတယ်။

လေယာဉ် ပေါ်မှာ လူပေါင်း ၂၃၉ ဦး လိုက်ပါ သွား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ