ဘို​ကို​ဟာ​ရမ်​တွေ ကို တပ်​ပေါင်း​စု အဖွဲ့ စတင် တို​က်ခိုက်

  • 8 မတ် 2015
boko_haram_ ဓာတ်ပုံ မူပိုင် AFP
Image caption IS အဖွဲ့ကို သစ္စာခံတယ် ဆိုပြီး ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာကာ ရှက်ကောင်း က ကြေညာခဲ့။

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက် ပိုင်း မှာ နီဂျဲ နဲ့ ချာ့ဒ် နိုင်ငံ တွေ က တပ်ဖွဲ့ တွေဟာ မြေပြင် ဝေဟင် ပူးတွဲ စစ်ဆင်ရေး တွေ နဲ့ အစ္စလာမ်မစ် လက်နက်ကိုင် ဘိုကိုဟာရမ် အဖွဲ့ ကို တိုက်ခိုက် လာပါတယ်။

နီဂျဲ နိုင်ငံ ဒီဖား မြို့ခံ တစ်ဦး ရဲ့ အဆိုအရ သေနတ် ပစ်ခတ်သံတွေ အပြင်းအထန် ကြားခဲ့ရပြီး နောက် နယ်စပ် ကို ဦးတည် ချီတက် သွားတဲ့ တပ်ဖွဲ့ တွေ ကိုလည်း တွေ့လိုက် ရတယ် လို့ ဆိုပါတယ်။

ဒါဟာ ဘိုကိုဟာရမ်တွေ ကို နယ်စပ်ဒေသ မှာပဲ တိုက်ခိုက် နေတဲ့ နီဂျဲ တပ်တွေ ဟာ ပထမဆုံး အကြိမ် နိုင်ဂျီးရီးယား နယ်မြေ အတွင်း ဘက် ထိ ဝင်ရောက် တိုက်ခိုက် လာတာ ဖြစ်ပါတယ်။

ဘိုကိုဟာရမ် တွေ ကို တိုက်ခိုက် ဖို့ ဒေသတွင်း နိုင်ငံ တွေ စုပေါင်းပြီး အနည်းဆုံး အင်အား ၈ ထောင် ရှိတဲ့ တပ်ပေါင်းစု ဖွဲ့စည်းဖို့ အာဖရိက နိုင်ငံများ သမဂ္ဂ က နေ ခွင့်ပြုခဲ့ ပြီး ရက် အနည်းငယ် အတွင်း မှာပဲ အခုလို ဘိုကိုဟာရမ် တွေ ကို တိုက်ခိုက်တဲ့ ထိုးစစ် အသစ် တွေ ဖြစ်ပေါ် လာတာ ပါ။

တခါ၊ ဘိုကိုဟာရမ် အဖွဲ့ ခေါင်းဆောင် အဘူဘက်ကာ ရှက် ကောင်း က အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ ကို သစ္စာ ခံကြောင်း ကြေညာ ခဲ့တာ ကို ကြည့်ရင် သူတို့ အဖွဲ့ ဟာ ဖိအားတွေ နဲ့ ရင်ဆိုင် နေရတာ ကို ပြသ နေတာ ပဲ လို့ ဆိုပြီး နိုင်ဂျီးရီးယား အစိုးရ က ပြောပါတယ်။

နိုင်ဂျီးရီးယား စစ်တပ် ရဲ့ ပြောခွင့်ရ ဆာမီး အွတ်စမန် ကူကာရှက်ကာ ကလည်း IS တွေ အပေါ် သစ္စာခံကြောင်း ဘိုကိုဟာရမ် ခေါင်းဆောင် က ပြောတာ ဟာ အနှစ်သာရ မပါတဲ့ ကြွားဝါမှု တစ်ရပ် ပဲ ဆိုပြီး ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ