ရုရှား​အတိုက်​အခံ​ကို ကြေးစား​ငှား​သတ်​တာ​လို့ ယူဆနေ

russia_suspects_ ဓာတ်ပုံ မူပိုင်
Image caption ဖမ်းထားသူ ၅ ဦး ထဲက တစ်ဦး က တော့ လူသတ်မှု မှာ ပါဝင် ပတ်သက်ကြောင်း ပြောထားပါတယ်။

ရုရှား နိုင်ငံ မှာ အတိုက်အခံ နိုင်ငံရေး သမား ဘောရစ် နမ်ဆော့ အသတ်ခံ ရမှု ကို ကြေးစား တွေ ငှားပြီး သတ်ဖြတ် ခဲ့မှု အဖြစ် စုံစမ်းရေး အရာရှိ တွေ က သတ်မှတ် ကိုင်တွယ် နေကြပါ တယ်။

ဖမ်းဆီး တရားစွဲ ခံထားရ တဲ့ ၅ ဦး ထဲ တစ်ဦး ဖြစ်တဲ့ Zaur Dadayev က တော့ သေနတ် နဲ့ ပစ်ခတ်ခဲ့ မှု မှာ ပါဝင် ပတ်သက် ခဲ့ကြောင်း ဝန်ခံ ထားပါတယ်။

ကျန် ၄ ဦး ကတော့ စွပ်စွဲ မှု တွေ ကို ငြင်းပယ် ထားပါတယ်။

အဲဒီ့ ၅ ဦး စလုံးဟာ ရုရှား မြောက်ပိုင်း မွတ်ဆလင်မ် တွေ အဓိက နေထိုင်ရာ ကော့ကေးစပ် ဒေသက သူတွေ ဖြစ်ပါတယ်။

အစ္စလာမ် ဘာသာဝင် တို့ရဲ တမန်တော် မိုဟာမက်ဒ် ကို သရော် လှောင်ပြောင်တဲ့ ကာတွန်း တွေ ရေးဆွဲခဲ့သူ တွေ ကို မစ္စတာ နမ်ဆော့ က ထောက်ခံ ခဲ့တဲ့ အတွက် အစ္စလာမ်မစ် အစွန်းရောက် တွေ ရဲ့ ပစ်မှတ်ထား တာ ခံခဲ့ရ တာ ဖြစ်နိုင်တယ် ဆိုပြီး အမှု ကို ကိုင်တွယ် နေတဲ့ အရာရှိ တွေ က ယူဆ နေကြပါတယ်။

ဒါပေမယ့် မစ္စတာ နမ်ဆော့ ရဲ့ နိုင်ငံရေး မိတ်ဆွေ တစ်ဦး ကတော့ ဒီ လူသတ်မှု ဟာ နိုင်ငံရေး ကြံရွယ်ချက် ရှိပြီး ရုရှား လူ့ အဖွဲ့အစည်း ကို ခြောက်လှန့်ပြ ခဲ့တာ လို့ ယူဆ ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ