ခရိုင်းမီးယားကို သိမ်းယူတဲ့ အစီအစဉ် ပူတင် ထုတ်ဖော်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ခရိုင်းမီးယားကို ၂၀၁၄ မတ်လ ၁၈ ရက်မှာ တရားဝင် ဖဲ့ယူခဲ့ပြီး ၂ လ အကြာမှာ ပူတင် အလည် သွားရောက်ခဲ့

ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို သိမ်းဖို့ သူ အမိန့်ပေးခဲ့တယ်လို့ ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ပထမဆုံး အကြိမ် ဝန်ခံ လိုက်ပါတယ်။

ဒါဟာ ခရိုင်းမီးယားမှာ အရံ တပ်ဖွဲ့တွေ ဝင်ပြီး အာဏာ မသိမ်းခင် ရက်သတ္တပတ်တွေ အလို ကတည်းက ဖြစ်တယ်လို့ ရုရှ အစိုးရက ထုတ်လွှင့်မယ့် မှတ်တမ်း ရုပ်သံ နမူနာ မှာ မစ္စတာ ပူတင် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ခရိုင်းမီးယားကို ရုရှ လက် ပြန်ရောက်ရေး လုပ်ငန်း စကြဖို့ လုံခြုံရေး ဌာန အကြီးအကဲ တွေကို သူ အမိန့်ပေးခဲ့ပုံကို မစ္စတာ ပူတင်က ပြန်ပြောင်း ပြောပြ ခဲ့ပါတယ်။

မနှစ်က ဖေဖော်ဝါရီလ မှာ သူ ဒီလို အမိန့်ပေးခဲ့ပြီး ရက်ပိုင်း အတွင်းမှာ အမျိုးအမည် မသိရတဲ့ စစ်သား တွေက ကရိုင်းမီးယား ပါလီမန်ကို ဝင်သိမ်း ခဲ့ကြ ပါတယ်။

နောက် မတ်လ ၁၈ ရက် နေ့မှာ ခရိုင်းမီးယားကို ရုရှ က တရားဝင် သိမ်းလိုက်ပြီ လို့ ကြေညာခဲ့တဲ့ အတွက် နိုင်ငံတကာက ပြစ်တင် ဝေဖန် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ