ဆိုလာ လေယာဉ် ကမ္ဘာပတ် ခရီးစဉ် စတင်

ဓာတ်ပုံ မူပိုင် epa
Image caption ခရီးစဉ်အတွင်း မြန်မာနိုင်ငံ မန္တလေး မြို့မှာလည်း ရပ်နားဖို့ ရှိ

ကမ္ဘာ့ စံချိန်တင်နိုင်မယ့် ကြိုးပမ်းမှု အဖြစ် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်နဲ့ ကမ္ဘာပတ် ပျံသန်းမယ့် ခရီးစဉ်ကို ယူအေအီး နိုင်ငံ၊ အဘူဒါဘီ မြို့ကနေ စတင် ပျံသန်း လိုက်ပါတယ်။

Solar Impulse-2 လို့ အမည်ပေးထားတဲ့ အဲဒီ နေရာင်ခြည် စွမ်းအင်သုံး လေယာဉ်ဟာ အိုမန် နိုင်ငံ၊ မက်စကတ် မြို့ကို ဦးတည် ထွက်ခွာ သွားတာ ဖြစ်ပါတယ်။

လာမယ့် ၅ လ အတွင်း ပစိဖိတ်နဲ့ အတ္တလန္တိတ် သမုဒ္ဒရာတွေကို ဖြတ်ကျော်ပြီး ကမ္ဘာ့ တိုက်ကြီး အသီးသီးက နေရာ ဒေသတွေကို ပျံသန်း သွားရောက်မှာ ဖြစ်ပါတယ်။

ခရီးစဉ် အတွင်း အိန္ဒိယ နိုင်ငံက တဆင့် မြန်မာနိုင်ငံ မန္တလေးမှာလည်း ရပ်နားဖို့ ရှိပြီး တရုတ် နိုင်ငံကို ဆက်လက် ပျံသန်းမှာ ဖြစ်ပါတယ်။

လေယာဉ်က အိမ်သုံးကား တစ်စီးစာ လောက်သာ အလေးချိန် ရှိပေမယ့် တောင်ပံတွေကတော့ ဂျက်လေယာဉ် တစီးရဲ့ တောင်ပံတွေနဲ့ အရွယ်အစား တူညီပါတယ်။

လေယာဉ်မှူး Bertrand Piccard နဲ့ Andre Borschberg တို့က လေယာဉ်ကို အလှည့်ကျ မောင်းနှင်ကြမှာ ဖြစ်ပြီး ၁၁ နေရာမှာ ရပ်နား သွားဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ