အစ္စရေး​နိုင်ငံသား အာ​ရပ်​လူ​ငယ်​ကို IS တွေ သတ်​နေ​တဲ့ ဗီ​ဒီ​ယို ထွက်​လာ

  • 10 မတ် 2015
musallam
Image caption ၁၉ နှစ် အရွယ် လူငယ်ဟာ အစ္စရေး သူလျို ဆိုပြီး ဗီဒီယို ထဲ ပြောထားပါတယ်။

အစ္စရေး နိုင်ငံသား အာရပ် လူငယ် တစ်ဦး ကို အစ္စလာမ်စ် လက်နက်ကိုင် IS တွေ က သတ်ဖြတ် နေတာ ကို ရိုက်ကူး ထားတဲ့ ဗီဒီယို ကို IS တွေက ထုတ်ပြန် လိုက် ပါတယ်။

အဲဒီ့ ဗီဒီယို ထဲမှာ လူငယ် ဟာ သူ့ကိုယ်သူ ၁၉ နှစ် အရွယ် Mohammed Said Ismail Musallam ဖြစ်တယ် လို့ ပြောခဲ့ပါ တယ်။

အစ္စရေး အတွက် သူလျှို လုပ်ပေးဖို့ ဆီးရီးယား မှာ ရှိတဲ့ IS အဖွဲ့ ထဲကို ထွင်းဖောက် ဝင်ရောက်ခဲ့ တယ် လို့လည်း မစ္စတာ Musallam က ပြောထားပါတယ်။

ဗီဒီယို ရဲ့ အဆုံး မှာတော့ သူဟာ နဖူးကို ပစ္စတို သေနတ်နဲ့ ပစ် သတ် တာ ခံခဲ့ရတာ ကို ရိုက်ပြ ထားပါတယ်။

အဆိုပါ ဗီဒီယို အစစ်အမှန် ဟုတ်မဟုတ် သီးခြား စမ်းစစ် အတည်ပြုမှု တော့ မလုပ်ရသေး ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ