တိုကျို ဗုံးကြဲခံရမှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုကျိုမြို့မှာ ပြုလုပ်တဲ့ အမှတ်ရပွဲကို ဝန်ကြီးချုပ် ရှင်ဇို အဘေး တက်ရောက်

ဂျပန် နိုင်ငံမှာ ဒုတိယ ကမ္ဘာစစ် အတွင်း အမေရိကန် လေတပ်က ကြဲချခဲ့တဲ့ မီးလောင်ဗုံးတွေကြောင့် လူ တစ်သိန်းကျော် သေဆုံး ခဲ့ရတဲ့ တိုကျိုမြို့ ဗုံးကြဲခံရမှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို ကျင်းပ ခဲ့ပါတယ်။

၁၉၄၅ ခုနှစ် မတ်လ ၁၀ ရက်မှာ အမေရိကန်ရဲ့ ဘီ ၂၉ လေယာဉ်တွေက မီးလောင်ဗုံးတွေ ကြဲချခဲ့လို့ တိုကျိုမြို့ တစ်မြို့လုံး နီးပါး ပျက်စီး ခဲ့ပါတယ်။

တိုကျိုမြို့ ဗုံးကြဲ ခံရမှုကြောင့် သေဆုံးရသူ အရေအတွက်ဟာ နောက် ၅ လ အကြာ သြဂုတ်လမှာ နာဂါဆာကီ မြို့ အဏုမြုဗုံး ကြဲချခံရမှုကြောင့် သေဆုံးရတဲ့ လူ ၇ သောင်းကျော် အရေအတွက်ထက် ပိုမို များပြား ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တိုကျို ဗုံးကြဲ ခံရမှုဟာ ဟီရိုရှီးမားနဲ့ နာဂါဆာကီ မြို့တွေပေါ် အဏုမြူဗုံး ကြဲချခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် မှေးမှိန် နေခဲ့ရတာ ဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာ တိုကျိုမြို့က Memorial Hall မှာ ပြုလုပ်တဲ့ အမှတ်ရပွဲကို ဝန်ကြီးချုပ် ရှင်ဇို အဘေး တက်ရောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ