ထိ​က​ရိ​မြို့​အရေး အမေ​ရိ​ကန်​စစ်​ဘက် အကြီးအကဲ ပြော

  • 11 မတ် 2015
_dempsey ဓာတ်ပုံ မူပိုင် .
Image caption ထိကရိမြို့ခံ ဆွန်နီ အတွက် စိုးရိမ်ကြောင်း ဗိုလ်ချုပ်ကြီး ဒမ်ဆေး ပြော။

အီရတ်နိုင်ငံ မှာ အစိုးရ နဲ့ ရှီအာ လက်နက်ကိုင် ပူးပေါင်း တပ် တွေ ဟာ အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ ကို ထိကရိ မြို့ က နေ မောင်းထုတ် နိုင်မယ် ဆိုတာ သံသယ မရှိပါဘူး ဆိုပြီး အမေရိကန် စစ်ဘက် အကြီးအကဲ ဗိုလ်ချုပ်ကြီး မာတင် ဒဲမ်ဆေး က ပြောပါတယ်။

ဒါပေမယ့် အဲဒီ့ အချိန်ကျရင် ထိကရိ မြို့ခံ ဆွန်နီ မွတ်ဆလင်မ် တွေ ဘယ်လို ပြုမူ ဆက်ဆံ ခံရမလဲ ဆိုတာကို တော့ စိုးရိမ် မိကြောင်း ဗိုလ်ချုပ်ကြီး ဒဲမ်ဆေး က ဆိုပါတယ်။

ထိကရိ မြို့သိမ်း တိုက်ပွဲ ဆင်နွှဲ နေတဲ့ တပ်တွေထဲ မှာ ရှီအာ လက်နက်ကိုင် တွေ က ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်နေပြီး တောင်ဘက် နဲ့ မြောက်ဘက် တွေ ကနေ တပြိုင်နက် စစ်မျက်နှာ ဖွင့်ပြီး ထိကရိမြို့ ထဲကို ဝင်နေ ကြပါတယ်။

အဲဒီ့ ထိုးစစ်တွေ ကို ရပ်တန့်နိုင် ဖို့ IS တွေ ကလည်း ထိကရိမြို့ ရဲ့ အဓိက လမ်းမတွေ တလျှောက် ဗုံးတွေ တပ်ဆင် ထားပါတယ်။

ထိကရိ မြို့ထဲ မှာ IS တွေ ဘယ်လောက် အရေအတွက် ရှိနေဆဲ လည်း ဆိုတာ တော့ ရှင်းရှင်းလင်းလင်း မသိရ ပါဘူး။

ထိကရိ မြို့ကိုသာ ပြန်ရပြီ ဆိုရင် IS တွေ ရဲ့ အဓိက ခြေကုပ်ဖြစ် တဲ့ မိုဆိုးလ် ကို တိုက်ခိုက် ဖို့ အဓိက ခြေလှမ်း တစ်ရပ် ဖြစ်လာမယ် လို့ မျှော်လင့် ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ