ထိ​က​ရိ​မြို့​သိမ်း​ပွဲ အီ​ရတ် အစိုးရ ပူးပေါင်း​တပ် အသာစီးရ

  • 12 မတ် 2015
iraq_tikrit_operation ဓာတ်ပုံ မူပိုင် Reuters
Image caption IS တွေ ဟာ သူတို့ အခြေချထားတဲ့ ထိကရိ မြို့လယ် အပါအဝင် အနည်းဆုံး ရပ်ကွက် ၄ ခုလောက် ကို ဆက်လက် ထိန်းထားဆဲ ဖြစ်ပါတယ်။

အီရတ်နိုင်ငံ ထိကရိ မြို့ တိုက်ပွဲ မှာ အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ ကို တိုက်နေကြတဲ့ အီရတ် အစိုးရ တပ်နဲ့ ပူးပေါင်း ရှီအာ တပ်တွေ ဟာ အသာစီး ရနေပါတယ်။

ဒီ ထိကရိ မြို့သိမ်း တိုက်ပွဲ ဟာ အီရတ် နိုင်ငံ အတွင်း IS တွေ အပေါ် အကြီးမားဆုံး စစ်ရေး ထိုးစစ်ဆင်မှု ဖြစ်ပါတယ်။

အခုဆိုရင် ထိကရိ ရဲ့ နေရာ အများစု ဟာ အစိုးရတပ် နဲ့ ပူးပေါင်း အဖွဲ့တွေ ရဲ့ ထိန်းချုပ် မှု အောက် ရောက်ရှိ သွားပြီ ဖြစ်ပေမယ့် တိုက်ပွဲတွေ တော့ ဆက်လက် ဖြစ်နေဆဲ့ ဖြစ်ပါတယ်။

IS တွေ ဟာ မြို့လယ် အပါအဝင် အနည်းဆုံး ရပ်ကွက် ၄ ခု လောက် ကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပြီး၊ မြို့လယ် ဦးတည် ထိုးဖောက်လာ နေတဲ့ အစိုး ရတပ် တွေ ဟာ IS တွေ ထောင်ထားတဲ့ လမ်းဘေး တလျှောက် ဗုံး တွေ ကြောင့် နှောင့်နှေး နေရပါတယ်။

အခုဆိုရင် ထိကရိ မြို့ထဲ မှာ IS တိုက်ခိုက်ရေး သမား ၁၀၀ လောက်ပဲ ကျန် တော့မယ် ဆိုပြီး ပြောနေ တဲ့ သတင်းတွေ လည်း ရရှိထား ပါတယ်။

တခါ၊ ဆီးရီးယား က ကာ့ဒ် တပ်ဖွဲ့ဝင် တွေနဲ့ သွားရောက် ပူးပေါင်း ပြီး IS တွေ ကို တိုက်ခိုက် နေကြတဲ့ ဗြိတိသျှ နိုင်ငံသား တချို့ နဲ့ ဘီဘီစီ စကားပြောခဲ့ ပါတယ်။

အဲဒီ့ထဲ က ၂ ဦး ကတော့ တစ်ဦး က စစ်သားဟောင်း ဖြစ်ပြီး တစ်ဦး ကတော့ မြို့ပေါ်မှာ အရောင်း အဝယ် လုပ်သူပါ။

သူတို့နဲ့ အတူ လက်တွဲ တိုက်ခိုက်ခဲ့ တဲ့ တော်ဝင် ရေတပ်မတော် မှာ အမှု ထမ်းခဲ့ဖူးသူ Konstandinos Erik Scurfield က တော့ ပြီးခဲ့တဲ့ သီတင်းပတ် ကပဲ ကျဆုံး သွားပြီ လို့ ဆိုပါတယ်။

ကာ့ဒ် တပ်ဖွဲ့ဝင် တွေ နဲ့ လာရောက် ပူးပေါင်း တိုက်နေကြတဲ့ အမေရိ ကန် နဲ့ ဩစတြေးလျ နိုင်ငံ သားတွေ လည်း ရှိနေပါတယ်။

အဲဒီလို့ မိမိတို့ ဆန္ဒအလျောက် လာရောက် ပူးပေါင်းကြသူ တွေ ထဲက အများစု ဟာ စစ်ရေး အတွေ့အကြုံ မရှိကြ သူတွေ များပါတယ်။

ဆီးရီးယား ရောက်စ အခြေခံ စစ်သင်တန်း ၁၀ ရက် လောက် တက်ပြီးတဲ့ နောက် တိုက်ပွဲ တွေ မှာ ပါဝင် ခဲ့ ကြတာပါ။

အခု ဆိုရင် အကျအဆုံး တွေ များလာနေ တယ် ဆိုပြီး ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီ အချိန် မှာပဲ၊ နိုင်ဂျီးရီးယား က အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် တွေ ရဲ့ သစ္စာ ခံမှု ကို IS တွေ က လက်ခံ လိုက်ပုံ ရပါတယ်။

IS ခေါင်းဆောင် Abu Bakr al-Baghdadi ရဲ့ ကိုယ်စား ဆိုပြီး ထုတ်ပြန် ခဲ့တဲ့ အသံသွင်း ပြောဆိုချက် ထဲ မှာ ကျွန်ုပ်တို့ ရဲ့ ညီအစ်ကိုတော် တွေ ကို ကြိုဆိုပါတယ် ဆိုပြီး ပါဝင် ပါတယ်။

ဒါ့အပြင် IS တွေ တည်ဆောက် ဖို့ ရည်ရွယ်ထားတဲ့ ခါလီဖိတ် ဆိုတဲ့ အစ္စလာမ်မစ် နိုင်ငံတော် ကြီးဟာ အနောက် အာဖရိက ဒေသ ထိ ပြန့်နှံ့ခဲ့ တဲ့ အတွက် ဒါဟာ သတင်းကောင်း ဖြစ်တယ် လို့လည်း ဆိုထားပါတယ်။

ဒီ အသံသွင်း ထုတ်ပြန်ချက် ဟာ IS တွေ ရဲ့ ထုတ်ပြန်ချက် တကယ် ဟုတ်မဟုတ် သီးခြား အတည်ပြု မှု တော့ မရ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ