ဘို​ကို​ဟာ​ရမ်​တွေ​ရဲ့ အသေခံ​ဗုံး ထုတ်​လုပ်​ရာ စက်​ရုံ​ကို ရှာ​တွေ့

  • 13 မတ် 2015
_chad_troops_in_nigeria_ ဓာတ်ပုံ မူပိုင် none
Image caption အိမ်နီးနားချင်း နိုင်ငံတွေရဲ့ အကူအညီနဲ့ ဘိုကိုဟာရမ် နှိမ်နှင်းရေး စစ်ဆင်မှု တွေ အောင်မြင်နေပါတယ်။

နိုင်ဂျီးရီးယား အရှေ့မြောက်ဘက် က ဘူနီရာဒီ မြို့ မှာ ဘိုကိုဟာရမ် တွေ ရဲ့ ဗုံး စက်ရုံ ကို ရှာတွေ့ နိုင်ခဲ့တယ် ဆိုပြီး နိုင်ဂျီးရီးယား စစ်တပ် က ပြောပါတယ်။

အဆိုပါ ဘူနီရာဒီ မြို့ ဟာ ပြီးခဲ့တဲ့ နှစ် ဩဂုတ် လ တုန်းက ဘိုကိုဟာရမ် တွေ အောက် ကျရောက် သွားခဲ့ ပြီးတဲ့နောက် အစိုးရ စစ်တပ် က ပြန်လည် သိမ်းနိုင်ခဲ့တာ တစ်ပတ်ပဲ ရှိပါသေးတယ်။

အသေခံ ဗုံးဖောက်ခွဲရာ မှာ အသုံးပြုတဲ့ ဖောက်ခွဲရေး ပစ္ည်းတွေ နဲ့ ကိုယ်ကြပ် အင်္ကျီတွေ ကိုလည်း တွေ့ခဲ့ရတယ် လို့ နိုင်ဂျီးရား ကာကွယ်ရေး ဌာန ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ဆိုပါတယ်။

ဓာတ်မြေဩဇာ စက်ရုံရဲ့ အဆောက်အဦ တစ်ခုထဲ မှာ အဲဒီ့ ဗုံးတွေ ထုတ်လုပ် တဲ့ စက်ရုံ ပြုလုပ် ထားတာ လို့လည်း ပြောပါတယ်။

နိုင်ဂျီးရီးယား အရှေ့မြောက် ဒေသတွေ မှာ အစ္စလာမ်စ် နိုင်ငံတော် ထူထောင်ဖို့ ဘိုကိုဟာရမ် တွေ ထကြွ လာကြ တဲ့ ၆ နှစ် တာ ကာလ အတွင်း အခု နှစ်ပိုင်း တွေ မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်တာ တွေ ကို တိုးမြင့် လုပ်ဆောင် လာနေ ပါတယ်။

အခု သီတင်းပတ် တွေ ထဲမှာ တော့ နိုင်ဂျီးရီးယား ဟာ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ချာ့ဒ်၊ နီဂျဲ နဲ့ ကင်မရွမ်း တို့ ရဲ့ အကူအညီ နဲ့ ဘိုကိုဟာရမ် ချေမှုန်းရေး စစ်စင်မှု တွေ မှာ အောင်မြင်မှု တွေ ရှိလာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ