ပါကစ္စတန်မှာ ခရစ်ယာန် ဘုရားကျောင်း ဗုံးခွဲ တိုက်ခိုက်ခံရ

  • 15 မတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ပေါက်ကွဲမှု ဖြစ်ပြီး တဲ့နောက် အခြေ အနေက ခပ်ကြမ်းကြမ်း ဖြစ်လာ

ပါကစ္စတန် နိုင်ငံ လာဟိုး မြို့မှာ ခရစ်ယာန် ဘုရားကျောင်း၂ ကျောင်း ကို ဗုံးခွဲ တိုက်ခိုက် ခံရတဲ့ အတွက် လူ ၁၄ ယောက် ကျော် သေဆုံးခဲ့ ပါတယ်။

လာဟိုးမြို့ ခရစ်ယာန် ဘာသာဝင် အများဆုံး နေတဲ့ ပတ်ဝန်းကျင်မှာ တိုက်ခိုက် ခံရတာ ဖြစ်ပြီး တနင်္ဂနွေ ဝတ်ပြု ဆုတောင်း ပွဲတွေ ကြောင့် လူစည် ကားတဲ့ အချိန်လည်း ဖြစ်ပါတယ်။

အခု အသေခံ ဗုံးခွဲမှု နှစ်ခုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပါကစ္စတန်ရှိတာ လီဘန် အဖွဲ့ခွဲ တခု ဖြစ်တဲ့ ဂျမာတာ အာရာ အဖွဲ့က ပြောပါတယ်။

ဘုရား ကျောင်းထဲ ဝင်ဖို့ ကြိုးစားသူ တယောက်ကို လုံခြုံရေး တွေက တားတဲ့ အခါ သူ့ကိုယ်သူ အသေခံ ဗုံးခွဲ တာလို့ သိရ ပါတယ်။

အသေးစိတ် ကိုတော့ ပါကစ္စတန် ရဲတွေက စုံစမ်း စစ်ဆေး နေတုန်း ဖြစ်ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီး တဲ့နောက် အခြေ အနေက ခပ်ကြမ်းကြမ်း ဖြစ်လာ ပြီး ပါဝင် တယ်လို့ ယူဆသူ တယောက် ကို လူအုပ် ကြီးက တိုက်ခိုက် တဲ့ သတင်းကို ဒေသ ရုပ်မြင် သံကြားမှာ ပြသခဲ့ ပါတယ်။

စိတ်ဆိုး နေတဲ့ လူအုပ်ကြီးက ရိုက်နှက်လို့ လူနှစ်ယောက် သေဆုံး တယ်လို့ ပါကစ္စတန် ရဲအဖွဲ့ ပြောခွင့်ရ အမျိုး သမီးက ပြောပါတယ်။ ကရာချီ ရှိ ခရစ်ယာန် တွေက အခု တိုက်ခိုက် မှုကို ကန့်ကွက် ဆန္ဒပြ ကြပြီး ကက်သလစ် ဘုန်းတော်ကြီး ဘာနတ် ယူစွတ် ဘာတီက ရှုတ်ချ လိုက်ပါတယ်။

အခု ဗုံးခွဲ တိုက်ခိုက် မှုကို ပါကစ္စတန် ဝန်ကြီးချုပ် နဲ့ သမ္မတ တို့ ကလည်း ပစ်တင် ရှုတ်ချ လိုက် ပါတယ်။ ပါကစ္စတန် စစ်တပ်က အာဖဂန် နယ်စပ် နိုင်ငံ အနောက်မြောက် ဘက်က စစ်သွေးကြွ တွေရဲ့ စခန်း တွေကို မနှစ် ကတည်းက ထိုးစစ် ဆင်နေပြီး ပါကစ္စတန်ရှိ တာလီဘန် တို့ရဲ့ အနွယ်တွေ က ပြန်တိုက် မယ်လို့ သတိ ပေးခဲ့ ပါတယ်။

ပန်ဂျပ်ရှိ လူဦးရေ ထူထပ်တဲ့ လာဟိုး ကတော့ အကြမ်းဖက် တိုက်ခိုက်တာ သိပ် မခံရတဲ့ အတွက် ဒီလို ဗုံးမကွဲမီ အချိန် အထိ အေးချမ်းတဲ့ သဘော ရှိပါ တယ်။

မွတ်စလင် အများစု ရှိတဲ့ ပါကစ္စတန်မှာ ခရစ်ယာန် ကိုးကွယ်သူ ၂ ရာနှုန်းပဲ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ