တရုတ်က ကမ္ဘာ့ တတိယ အများဆုံး လက်နက် တင်ပို့

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၄ အထိ ၅ နှစ်အတွင်း တရုတ် လက်နက် တင်ပို့မှု ၁၄၃ ရာနှုန်း တိုးလာ။

တရုတ် နိုင်ငံဟာ အမေရိကန်နဲ့ ရုရှား ပြီးရင် တတိယ လက်နက် အများဆုံး တင်ပို့ ရောင်းချတဲ့ နိုင်ငံ ဖြစ်လာတယ်လို့ အစီရင်ခံစာ တစ်ရပ်က ပြောဆိုလိုက်ပါတယ်။

Stockholm International Peace Research Institute က ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ် အတွင်း လက်နက် တင်ပို့ ရောင်းချမှုမှာ တရုတ် နိုင်ငံက ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေ နိုင်ငံ တွေကို ကျော်တက် သွားတယ်လို့ သိရပါတယ်။

အခုအခါ တရုတ်ရဲ့ လက်နက် တင်ပို့မှုဟာ ကမ္ဘာ့ လက်နက် တင်ပို့ ရောင်းချမှု စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်း ရှိသွားပါပြီ။

ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နိုင်ငံ ၃ နိုင်ငံကို တင်ပို့တဲ့ လက်နက် ပမာဏဟာ တရုတ် လက်နက် တင်ပို့မှု အားလုံးရဲ့ သုံးပုံ နှစ်ပုံကျော် ရှိတယ်လို့ ဆိုပါတယ်။

တရုတ် လက်နက် တင်ပို့မှု နှုန်းဟာ ၂၀၁၄ ခုနှစ် အထိ ၅ နှစ်တာ ကာလ အတွင်းမှာ ၁၄၃ ရာခိုင်နှုန်း တိုးမြင့်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ