အမေ​ရိ​ကန်​သူကြွယ် ရော​ဘတ်​ဒတ်စ် လူသတ်​မှု​နဲ့ ရင်ဆိုင်​နေ

  • 16 မတ် 2015
robert_durst ဓာတ်ပုံ မူပိုင် AP
Image caption လူသတ်မှု မှာ အပြစ်ရှိကြောင်း မှတ်တမ်း ရုပ်ရှင် ထဲ ပြောခဲ့တဲ့ မစ္စတာ ဒတ်စ် တရား ရင်ဆိုင် နေရ။

အမေရိကန် ရဲ့ အချမ်းသာဆုံး တွေ ထဲ ပါတဲ့ မိသားစု တစ်ခု က သန်းကြွယ် သူဌေး ဟာ လူသတ်မှု စွဲချက် ပုဒ်မ နဲ့ Los Angeles မြို့ မှာ တရားဆိုင် နေရပါတယ်။

လူသတ်မှု မှာ သူအပြစ်ရှိကြောင်း ဝန်ခံ ထားတာကို ရုပ်မြင်သံကြားက လွှင့်တဲ့ မှတ်တမ်း ရုပ်ရှင် တစ်ခုထဲ မှာ တွေ့ခဲ့ရတဲ့ နောက် အခုလို ရင်ဆိုင် လာရတာ ဖြစ်ပါတယ်။

အပိုင်း ၆ ပိုင်း ပါဝင်တဲ့ အဲ့ဒီ့ မှတ်တမ်းရုပ်ရှင် ဟာ ၂၀၀၀ ခုနှစ် က သေဆုံးခဲ့တဲ့ မစ္စတာ Durst ရဲ့ မိတ်ဆွေ တစ်ဦး ရဲ့ အမှု နဲ့ ကျန် လူသတ်မှု ၂ ခု မှာ မစ္စတာ Durst အနေနဲ့ ဘယ်လို ပါဝင် ပတ်သက်မှု ရှိသလဲ ဆိုတာ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ် မှာ သူ့ရဲ့ ပထမ ဇနီး ဖြစ်သူ သေဆုံး ခဲ့တုန်းက မစ္စတာ Durst ကို ရဲ တွေ က မေးမြန်းခဲ့ ပေမယ့် ပုဒ်မတပ် စွဲဆို တာတော့ မခံ ခဲ့ရပါဘူး။

၂၀၀၁ ခုနှစ် မှာ အိမ်နီးနားချင်း တစ်ဦးကို သတ်ပြီး ကိုယ်ခန္ဓာ အစိတ်အပိုင်း တွေ ကို ဖြတ်တောက် ခဲ့ မှု မှာလည်း မစ္စတာ Durst ဟာ မိမိ ကိုယ်ကိုယ် ခုခံ ကာကွယ်မှု နဲ့ ကွင်းလုံးကျွတ် လွတ်မြောက် ခဲ့ပါတယ်။

အရင် တုန်းကတော့ မစ္စတာ Durst ဟာ အဆိုပါ အမှုတွေ နဲ့ ပတ်သက်လို့ သူ့မှာ အပြစ် မရှိကြောင်း အမြဲပဲ ထွက်ဆိုလေ့ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ