အီရန် နျူ သဘောတူချက် အပေါ် ဆော်ဒီ သတိပေး

ဓာတ်ပုံ မူပိုင် AP
Image caption နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက် အတွက်သာ သုံးမယ်လို့ အီရန်က ပြောနေ။

အီရန် နျူကလီယား အစီအစဉ်နဲ့ ပတ်သက်တဲ့ အပေးအယူ သဘော တူညီချက်ကြောင့် ဒေသတွင်း တခြား နိုင်ငံတွေ အနေနဲ့ အဏုမြူ လောင်စာ အပြိုင် ထုတ်လုပ် လာစေဖို့ စေ့ဆော်ပေးရာ ရောက်သွား လိမ့်မယ်လို့ ဆော်ဒီ အာရေဗျ နိုင်ငံက အကြီးတန်း တော်ဝင် မိသားစုဝင် တစ်ယောက်က သတိပေး လိုက်ပါတယ်။

ဆော်ဒီ မင်းသား တာကီ အယ်လ် ဖိုင်ဆယ်လ် Prince Turki al-Faisal က ဆော်ဒီ အာရေဗျ နိုင်ငံနဲ့ တခြား နိုင်ငံတွေ ကလည်း အလားတူ အခွင့်အရေးတွေ တောင်းလာ ကြနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံကတော့ အီရန် အနေနဲ့ အနုမြူ လက်နက် ထုတ်လုပ် နိုင်စွမ်း မရှိအောင် သူ့ရဲ့ နျူကလီးယား ဆောင်ရွက်ချက် တွေကို ကန့်သတ်ဖို့ အတွက် ရည်ရွယ်ပြီး သဘောတူညီချက် တစ်ခု ရဖို့ အီရန်နဲ့ ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် လေ့လာ သုံးသပ်သူတွေ ကတော့ ဒေသတွင်းမှာ အီရန်နဲ့ ဆော်ဒီ အာရေဗျတို့ရဲ့ လက်နက် အားပြိုင်မှု ဖြစ်လာမှာကို ရှောင်ရှား နိုင်ဖို့ အီရန်ရဲ့ နျူကလီယား အစီအစဉ် တစ်ခုလုံး လုံးဝ အဆုံးသတ် သင့်တယ်လို့ ပြောကြပါတယ်။

အီရန် နျူကလီးယား အစီအစဉ် အပေါ် အပြီးသတ် ဆွေးနွေးရမယ့် ရက် နီးကပ် လာနေချိန် ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဆော်ဒီ အာရေဗျ နိုင်ငံက သူ့နိုင်ငံ အတွင်း နျူကလီးယား ဓာတ်ပေါင်းဖို ၂ ခု တည်ဆောက် နိုင်ခြေ ရှိမရှိ အကဲဖြတ်ရေး အစီအစဉ် အပါအဝင် နျူကလီးယား ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် တစ်ခုကို တောင်ကိုရီးယား နိုင်ငံနဲ့ လက်မှတ် ထိုးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ