ကရိုင်းမီးယား အရေး ပူတင် ပြန်ပြောင်းပြော

  • 16 မတ် 2015
putin
Image caption ရုရှ အစိုးရ ရုပ်သံမှာ နှစ်ပတ်လည် မှတ်တမ်း ထုတ်လွှင့်

မနှစ်က ကရိုင်းမီးယား ကျွန်းဆွယ် ကို သိမ်းပိုက်တဲ့ အရေးနဲ့ ယူကရိန်း သမ္မတဟောင်း Viktor Yanukovych ဖြုတ်ချ ခံရမှုတွေ အတွင်း အဏုမြူ လက်နက်တွေ အသင့် ပြင်ထားဖို့ ထိ မစ္စတာ ပူတင် က စဉ်းစားခဲ့တယ် လို့ ဆိုပါတယ်။

ရုရှ အစိုးရ ရုပ်သံမှာ နှစ်ပတ်လည် အစီအစဉ် အဖြစ် ထုတ်လွှင့်တဲ့ သတင်း မှတ်တမ်းကား မှာ သူက ဒီလို ပြောကြား ခဲ့တာပါ။

မနှစ် ဖေဖော်ဝါရီ မှာ မစ္စတာ ယာနူကိုဗစ်ချ် ပြုတ်ကျ ပြီးနောက် အသက်ဘေး အန္တရာယ် နဲ့ ရင်ဆိုင် နေရတယ် လို့ ယုံကြည်ကြောင်း မစ္စတာ ပူတင်က ပြောပါတယ်။

ယူကရိန်း ပိုင်တဲ့ ကရိုင်း မီးယား ဒေသ ကို အရံတပ်တွေ ဝင်မသိမ်းခင် ရက်သတ္တပတ် တွေထဲက သိမ်း ပိုက်ဖို့ သူ အမိန့် ပေးခဲ့တယ် လို့လည်း မစ္စတာ ပူတင်က ဒီ သတင်း မှတ်တမ်းကား မှာ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ