အစ္စရေး ရွေးကောက်ပွဲ စတင် ဆန္ဒမဲ ပေးနေ

  • 17 မတ် 2015
ဓာတ်ပုံ မူပိုင် epa
Image caption ဝန်ကြီးချုပ် နေတန်ညာဟုက ၄ ကြိမ်ဆက် ရာထူးရဖို့ မျှော်လင့်ထား။

အစ္စရေး နိုင်ငံမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရဲ့ လီကွတ် ပါတီနဲ့ ဗဟို လက်ဝဲ မဟာမိတ် အုပ်စုတို့ အကြား မတိမ်းမယိမ်း ရလဒ် ထွက်လာဖွယ် ရှိတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ ဆန္ဒမဲ ပေးနေကြပါပြီ။

ဗဟို လက်ဝဲ ဇီယွန်ဝါဒီ မဟာမိတ် အဖွဲ့က ပါလက်စတိုင်း အဖွဲ့နဲ့ ဆက်ဆံရေး အပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ပြန်လည် တိုးတက်အောင် ပြုပြင်ဖို့ ကတိပေး ထားပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုကတော့ တကယ်လို့ သူ လေးကြိမ်မြောက် ရာထူး ဆက်ရခဲ့မယ် ဆိုရင် ပါလက်စတိုင်း နိုင်ငံ ထူထောင်မှုကို ခွင့်ပြုမှာ မဟုတ်ကြောင်း တနင်္လာနေ့က ကတိပြု ခဲ့ပါတယ်။

အတိုက်အခံ ဇီယွန် မဟာမိတ် အဖွဲ့ကတော့ မစ္စတာ နေတန်ညာဟု အနေနဲ့ တိုင်းပြည် စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်း နိုင်ခဲ့ဘူးလို့ စွပ်စွဲ ထားပါတယ်။

အစ္စရေး မဲပေး စနစ်အရ ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်ရလေ့ မရှိဘဲ မဲရလဒ်တွေ ထွက်လာပြီး နောက်မှာ ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းဖို့ အတွက် အချိန်ယူ ညှိနှိုင်း ကြရဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ