တူနီးရှားမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်

  • 18 မတ် 2015
Tunisia Security Forces ဓာတ်ပုံ မူပိုင် epa
Image caption တူနီးရှားနိုင်ငံမှာ တိုက်ခိုက်မှုကြောင့် ကမ္ဘာလှည့် ခရီးသည် အများ အပြားသေဆုံး

တူနီးရှားနိုင်ငံ Tunis မြို့တော်မှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာလှည့် ခရီးသည် ၁၇ ယောက် အပါအဝင် လူ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ဝန်ကြီးချုပ် Habib Essid က ကြေညာပါတယ်။

ပါလီမန် အဆောက်အဦ နံဘေးက ဘာဒို ပြတိုက်ကို သေနတ်သမားတွေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေ ထဲမှာ အီတလီ၊ စပိန်၊ ပိုလန်၊ ဂျာမနီ နိုင်ငံသားတွေ ပါဝင် ပါတယ်။ ဒါ့အပြင် တူနီးရှား လူမျိုး တစ်ယောက်နဲ့ ရဲ အရာရှိ တစ်ယောက်လည်း ပါဝင် တယ်လို့ တူနီးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

သေနတ် သမားတွေက ဓါးစာခံ အတော်များများကိုလည်း ဖမ်းထားခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက သေနတ်သမား နှစ်ယောက်ကို ပစ်သတ်ခဲ့ပြီး နာရီ အတန်ကြာ စီးနင်းမှုကို အဆုံးသတ်ခဲ့ပါတယ်။

တိုက်ခိုက်သူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အားထား နေရတဲ့ တူနီးရှား နိုင်ငံ အတွက် အခု တိုက်ခိုက်မှုကြောင့် စီးပွားရေး ထိခိုက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။