ယာဇီးဒီးတွေ အပေါ် မျိုးတုံး သတ်ဖြတ်မှု IS ကျူးလွန်ခဲ့နိုင်

ဓာတ်ပုံ မူပိုင် Reuters
Image caption မနှစ်က ဆင်းဂျား ဒေသကနေ ယာဇီးဒီးတွေ သောင်းနဲ့ချီ ထွက်ပြေးခဲ့ရ။

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေဟာ အီရတ် နိုင်ငံမှာ ရှိတဲ့ လူနည်းစု ယာဇီးဒီးတွေ အပေါ် စစ်ရာဇဝတ်မှု တွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာ အသစ်က ပြောပါတယ်။

မနှစ်တုန်းက အီရတ် မြောက်ပိုင်းမှာ IS အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ အတွင်း ယာဇီးဒီးတွေကို တမင် ရည်ရွယ်ချက်နဲ့ လူမျိုးတုံးအောင် တိုက်ခိုက်ခဲ့တာ တွေ့မြင် ခဲ့ရတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

IS တွေရဲ့ တိုက်ခိုက်မှုတွေ အတွင်း အသက်မသေဘဲ လွတ်မြောက်ခဲ့သူ လူ ၁၀၀ ကျော်နဲ့ တွေ့ဆုံ မေးမြန်း ထားချက်တွေကို အခြေခံပြီး ထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာ ထဲမှာ IS အဖွဲ့ရဲ့ သတ်ဖြတ်မှု၊ နှိပ်စက် ညှဉ်းပမ်းမှု၊ အတင်း အဓမ္မ ဘာသာ ပြောင်းခိုင်းမှု၊ ကလေးတွေကို စစ်သား အဖြစ် အဓမ္မ စုဆောင်းမှု၊ အမျိုးသမီးတွေကို လိင်ကျွန် အဖြစ် ခိုင်းစေမှု စတဲ့ ရက်စက် ကြမ်းကြုတ်မှု တွေကို ဖော်ပြ ထားပါတယ်။

ဂျီဟတ် ဝါဒီတွေဟာ မိစ္ဆာကို ရှိခိုးသူတွေ ဖြစ်တယ် ဆိုတဲ့ ရှေးအယူကို လက်ခံတဲ့ ယာဇီးဒီးတွေဟာ အီရတ် မြောက်ပိုင်း ရွာတွေကနေ မနှစ်က သောင်းနဲ့ချီပြီး ထွက်ပြေး ခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ