တာဝန် ပျက်ကွက်မှု စွဲချက်ကို ယင်လတ် ရင်ဆိုင်ရမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပထမဆုံး ကြားနာမှုကို မေလမှာ ရင်ဆိုင်ရမယ်

ထိုင်း နိုင်ငံမှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ စပါး အပေါင်ခံတဲ့ စီမံကိန်းမှာ တာဝန် ပျက်ကွက် ခဲ့တယ် ဆိုတဲ့ စွဲဆိုချက်နဲ့ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို ရုံးတင် စစ်ဆေးဖို့ တရားရုံးချုပ်က အမိန့်ချမှတ် လိုက်ပါတယ်။

ပထမဆုံး ကြားနာ စစ်ဆေးမှုကို မေလမှာ စတင်မယ် လို့လည်း တရားရုံးချုပ်က ပြောပါတယ်။

ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁ နှစ်ကနေ ၁၀ နှစ် အထိ ကျခံရဖွယ် ရှိပါတယ်။

ဒါဟာ မစ္စ ယင်လတ်ကို နိုင်ငံရေး လုပ်ခွင့် ၅ နှစ် ပိတ်ပင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံရေး အပေါ် မစ္စ ယင်လတ်တို့ မိသားစုရဲ့ လွှမ်းမိုးမှုကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ နောက်ဆုံး ထိုးနှက်ချက် ဖြစ်ပါတယ်။

ယင်လတ် ဝန်ကြီးချုပ် ဖြစ်ခဲ့စဉ် အချိန်က စပါး အပေါင်ခံတဲ့ စီမံကိန်းမှာ နိုင်ငံတော်ပိုင် ဘတ်ငွေ သန်းပေါင်း များစွာ ဆုံးရှုံးခဲ့တာကို တားမြစ်ဖို့ ပျက်ကွက်တယ် ဆိုပြီး စွပ်စွဲ ခံရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ