တူနီးရှား တိုက်ခိုက်မှု၊ လူ ၄ ဦးကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာလှည့် ခရီးသွား ၂၀ အပါအဝင် ၂၃ ဦး သေဆုံးခဲ့ရ။

တူနီးရှား နိုင်ငံ ဘာဒို ပြတိုက်မှာ ကမ္ဘာလှည့် ခရီးသည် အယောက် ၂၀ အပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့ရတဲ့ ဗုဒ္ဓဟူးနေ့က ပစ်ခတ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူ ၄ ဦးကို ဖမ်းဆီး လိုက်တယ်လို့ တူနီးရှား သမ္မတရုံးက ထုတ်ပြန် ပါတယ်။

အဓိက မြို့ကြီးတွေမှာလည်း လုံခြုံရေး အတွက် စစ်တပ် အစောင့် ချထားမယ်လို့ သမ္မတရုံးက ဆိုပါတယ်။

မနေ့က အသေ ဖမ်းမိခဲ့တဲ့ သေနတ်သမား နှစ်ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ Yassine Laabidi ကို တူနီးရှား ထောက်လှမ်းရေးတွေက အရင်ကတည်းက သိထားခဲ့တယ်လို့ ဝန်ကြီးချုပ် Habib Essid က ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့ တွေက ပစ်သတ် လိုက်တဲ့ အဲဒီ သေနတ်သမား နှစ်ယောက် အကြောင်းကို ပိုသိအောင် တူနီးရှား အစိုးရက တခြား နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေ ထဲမှာ ဂျပန်၊ ကိုလံဘီယာ၊ ယူကေနဲ့ တခြား ဥရောပ နိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားတွေ ပါဝင်ပါတယ်။

ဒီကနေ့ ကြာသပတေးနေ့မှာ ဖမ်းဆီး လိုက်တဲ့ လူ ၄ ဦးနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ