အာဖဂန် အမျိုးသမီး ရိုက်သတ်ခံရမှု စုံစမ်းနေ

ဓာတ်ပုံ မူပိုင် AFP
Image caption မြစ်ကမ်းပါးက မည်းနေတဲ့ နေရာက အမျိုးသမီး မီးရှို့ခံရတဲ့ နေရာဖြစ်။

အာဖဂန် နစ္စတန် နိုင်ငံ၊ ကဘူးလ် မြို့မှာ အမျိုးသမီး တစ်ဦးကို လူအုပ်စုက ရိုက်သတ်ပြီး မီးရှို့ ခဲ့မှုကို စုံစမ်း စစ်ဆေးဖို့ အာဖဂန် သမ္မတ အက်ရှ်ရက်ဖ် ဂါနီက တောင်းဆို လိုက်ပါတယ်။

အဲဒီ အမျိုးသမီးဟာ ဗလီ တစ်ခုအတွင်း ကိုရမ် ကျမ်းစာတွေကို မီးရှို့ခဲ့တယ်လို့ စွပ်စွဲ ခံရပြီး ကြာသပတေးနေ့က လူအုပ်နဲ့ ဝိုင်းဝန်း ရိုက်သတ် ခံရတာ ဖြစ်ပါတယ်။

တခြားသူ တစ်ယောက်ယောက်ကို စစ်ဆေး စီရင်ပြီး ပြစ်ဒဏ် ပေးခွင့် ဘယ်သူ့မှာမှ မရှိဘူးလို့ သမ္မတ ဂါနီက ပြောပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးရဲ့ မိသားစုကတော့ သူမဟာ နှစ်ရှည် စိတ်ဝေဒနာ ခံစားနေရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သံသယ ရှိသူ ၄ ဦးကို ဖမ်းဆီး ထားပါတယ်။

အိမ်နီးချင်း ပါကစ္စတန် နိုင်ငံမှာ ကိုရမ် ကျမ်းနဲ့ တမန်တော် မိုဟာမက်ကို စော်ကား သူတွေကို လူအုပ်နဲ့ အကြမ်းဖက် အပြစ်ပေးမှုမျိုးတွေ မကြာခဏ ပေါ်ပေါက်လေ့ ရှိပြီး အာဖဂန် နစ္စတန်မှာတော့ အခုလို အမှုမျိုး မရှိသလောက် ရှားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ