အိန္ဒိယ ရထား မတော်တဆမှု လူ ၃၀ သေဆုံး

ဓာတ်ပုံ မူပိုင် epa
Image caption ပိတ်မိနေသူ တွေကို ခက်ခက်ခဲခဲ ကယ်ထုတ်နေရ။

အိန္ဒိယ နိုင်ငံ မြောက်ပိုင်းက အူတာ ပရာဒက်ရှ် ပြည်နယ်မှာ မီးရထား တစ်စီး လမ်းချော် တိမ်းမှောက် ခဲ့လို့ အနည်းဆုံး လူ ၃၀ သေဆုံး ခဲ့တယ်လို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။

ဒယ်ဟရာဒွန် မြို့နဲ့ ဗာရာဏသီ မြို့ကို ပြေးဆွဲတဲ့ မီးရထားက ခေါင်းတွဲနဲ့ လူစီးတွဲ ၂ တွဲ လမ်းချော်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသူ တစ်ရာကျော် ရှိတယ် လို့လည်း အရာရှိတွေက ဆိုပါတယ်။

ရထားတွဲတွေ ထဲမှာ ပိတ်မိနေတဲ့ သူတွေကိုလည်း ခက်ခက်ခဲခဲ ဆွဲထုတ် နေရတယ်လို့ ဆိုပါတယ်။

လူစီး ရထားစင်းရေ တစ်သောင်း နှစ်ထောင် ရှိပြီး နေ့စဉ် ခရီးသည် ၂၃ သန်းလောက် အသုံးပြုနေတဲ့ အိန္ဒိယ မီးရထား ပို့ဆောင်ရေးမှာ ခုလို မတော်တဆ မှုတွေ မကြာခဏ ဖြစ်လေ့ ရှိပါတယ်။

အိုဟောင်းနေတဲ့ ရထားလမ်းတွေကို ၅ နှစ်အတွင်း ပြုပြင်ဖို့ ဒေါ်လာ ၁၃၇ ဘီလျံ ကုန်ကျမယ့် အစီအစဉ်ကို အိန္ဒိယ အစိုးရက ပြီးခဲ့တဲ့ လကမှ ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ