တရုတ် ဂျပန် တောင်ကိုရီးယား ၃ နိုင်ငံ ဆွေးနွေး

Image caption သုံးနိုင်ငံက ခေါင်းဆောင် တွေ ပါဝင်တဲ့ ထိပ်သီး ဆွေးနွေးပွဲ ကြီး တခု ပြုလုပ် ဖို့ကို ကတိပြု

တရုတ် ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေ အကြား ဆက်ဆံရေး တိုးတက် ကောင်းမွန် လာဖို့ ၃ နိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

၃ နှစ် အတွင်း ပထမဆုံး အကြိမ် ဆိုးလ်မြို့မှာ ပြန်လည် တွေ့ဆုံကြ တဲ့ ဒီဆွေးနွေး ပွဲဟာ တကယ့်ကို အထင် ကရ ဖြစ်တဲ့ ဆွေးနွေး မှုအဖြစ် တွေ့မြင်ရ ပါတယ်။

ဆွေးနွေး ပွဲ အပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန် ရာမှာတော့ အခု သုံးနိုင်ငံက ခေါင်းဆောင် တွေ ပါဝင်တဲ့ ထိပ်သီး ဆွေးနွေးပွဲ ကြီး တခု ပြုလုပ် ဖို့ကို ကတိပြု ခဲ့ကြောင်း ဖေါ်ပြထား ပါတယ်။

ဒါပေမယ့် ဘယ်အချိန် ကျင်းပမယ် ဆိုတာ ကိုတော့ ဖေါ်ပြခြင်း မရှိ ပါ။

ဒီထိပ်သီး ဆွေးနွေးပွဲ အတွက် ရက် မသတ်မှတ်ခင် တရုတ် နိုင်ငံ အနေနဲ့ ကတော့ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၇၀ ပြည့်မှာ ဂျပန် အနေနဲ့ ဘာတွေ ပြောကြား ဖို့ ရည်ရွယ် ထားသလဲ ဆိုတာကို စောင့်ကြည့်လိမ့် မယ်ဆိုပြီး သတင်း တပုဒ်က ဆိုပါတယ်။

ဒုတိယ ကမ္ဘာစစ် အတွင်း တရုတ်နဲ့ တောင်ကိုရီးယား တို့ကို ဂျပန်ရဲ့ ကျူးကျော် တိုက်ခိုက် မှုတွေ အတွက် ဂျပန်က မတောင်းပန် ချင် တဲ့ပုံ ဖြစ်နေတယ် လို့ တရုတ်နဲ့ တောင်ကိုရီးယား တို့က ယူဆ နေကြ ပါတယ်။

ဒီအတွက် ဂျပန် အပေါ် အမျက်ထွက် နေကြ တာ ဖြစ်ပါတယ်။