ကဘူးလ်မြို့မှာ လူအုပ်နဲ့ ရိုက်သတ်မှုကို ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption သတ်ဖြတ်မှုမှာ ပါဝင်သူတွေကို ဖော်ထုတ် အရေးယူ ပေးဖို့ တောင်းဆို ဆန္ဒပြ။

အာဖဂန် နစ္စတန် နိုင်ငံမှာ အမျိုးသမီး တစ်ဦး လူအုပ်နဲ့ ရိုက်သတ် ခံခဲ့ရမှုကို ကန့်ကွက်တဲ့ အနေနဲ့ ရာနဲ့ချီတဲ့ လူတွေက ဆန္ဒပြ ခဲ့ကြပါတယ်။

Farkhunda လို့ ခေါ်တဲ့ အဲဒီ အမျိုးသမီးဟာ ကိုရမ် ကျမ်းစာကို မီးရှို့ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က လူအုပ်ကြီးက ဝိုင်းဝန်း ရိုက်နှက် သတ်ဖြတ်ပြီး မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက အဲဒီ အမျိုးသမီး အသတ်ခံရမှု အတွက် အရေးယူ ပေးဖို့ တောင်းဆို ခဲ့ကြပြီး သူမ မီးရှို့ခံခဲ့ရတဲ့ နေရာမှာ အထိမ်းအမှတ် သစ်ပင် တစ်ပင် စိုက်ခဲ့ ကြပါတယ်။

ကာဘူးလ် မြို့လယ်မှာ ဖြစ်ခဲ့တဲ့ အဲဒီ သတ်ဖြတ်မှုကို တားဆီးဖို့ ပျက်ကွက် ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ရဲအရာရှိ ၁၃ ယောက်ကိုတော့ တာဝန်ကနေ ရပ်စဲ လိုက်ပါတယ်။

အခုလို လူအုပ်နဲ့ ဝိုင်းဝန်း ရိုက်သတ်တဲ့ အမှုဟာ အိမ်နီးချင်း ပါကစ္စတန်မှာ ဖြစ်လေ့ ရှိပေမယ့် အာဖဂန် နစ္စတန် နိုင်ငံ မှာတော့ ပထမဆုံး ဖြစ်ဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ