နိုင်းမြစ်ရေ အငြင်းပွားမှု အဆုံးသတ်ဖို့ သဘောတူ

ဓာတ်ပုံ မူပိုင် epa
Image caption အာဖရိက ခေါင်းဆောင် ၃ ဦးက ပဏာမ သဘောတူညီချက်ကို လက်မှတ်ထိုး

အီဂျစ်၊ အီသီယိုးပီးယားနဲ့ ဆူဒန် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက သူတို့ နိုင်ငံကို ဖြတ်သန်း စီးဆင်းတဲ့ နိုင်းမြစ်ရေကို မျှဝေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး ကာလရှည် အငြင်းပွား နေမှုကို အဆုံးသတ်ဖို့ ပဏာမ သဘောတူညီချက်ကို လက်မှတ် ထိုးလိုက်ပါတယ်။

ဒီလို ပဏာမ သဘောတူညီမှုဟာ အာဖရိကရဲ့ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းအတွက် ရေကာတာ တစ်ခု အီသီယိုးပီးယား နိုင်ငံမှာ တည်ဆောက် နေချိန်မှာ ပေါ်ထွက် လာတာပါ။

အမေရိကန် ဒေါ်လာ သန်း ၄ ထောင်ကျော် ကုန်ကျမယ့် အဲဒီ Grand Renaissance ရေကာတာ ကြီးဟာ နိုင်းမြစ်ရေ ပြတ်လပ်မှုကို ပိုဆိုး စေလိမ့်မယ် ဆိုပြီး အီဂျစ် နိုင်ငံက အရင် သမ္မတ မော်စီ လက်ထက်မှာ ကန့်ကွက် ခဲ့ပါတယ်။

အခု အီဂျစ် သမ္မတ အယ်လ် စီစီက အီသီယိုးပီးယား ဝန်ကြီးချုပ်၊ ဆူဒန် သမ္မတ တို့နဲ့ အတူ ဆူဒန် နိုင်ငံ ခါတွမ်း မြို့မှာ လက်မှတ် ထိုးခဲ့တာ ဖြစ်ပြီး ခေါင်းဆောင် ၃ ဦးစလုံးက ဒီ သဘောတူညီချက်ကို ကြိုဆိုကြောင်း ပြောခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ