နေတန်ညာဟု အာရပ်တွေကို တောင်းပန်

  • 23 မတ် 2015
netanyahu ဓာတ်ပုံ မူပိုင် Reuters
Image caption ရွေးကောက်ပွဲ အနိုင်ရ အစ္စရေး ဝန်ကြီးချုပ်

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု သူ့စကားတခွန်းကြောင့် အစ္စရေးနိုင်ငံ ထဲက အာရပ် လူမျိုး တွေကို တောင်းပန် စကား ပြောခဲ့ရပါတယ်။

အရင်အပတ် ရွေးကောက်ပွဲ နေ့က မဲဆွယ် စည်းရုံးရေး ဆင်းတုန်း သူ ပြောခဲ့တဲ့ မိန့်ခွန်း ထဲမှာ အာရပ် တွေက သူ့ကို ဆန့်ကျင် မဲပေးဖို့ အုပ်လိုက် ဆင်းလာကြလိမ့်မယ် ဆိုတဲ့ စကား တခွန်း ပါသွားခဲ့ပါတယ်။

ဒီစကားကြောင့် သူ့ကို အတိုက်အခံ တွေက လူမျိုး ခွဲခြားသူ တယောက် အဖြစ် ပြောဆို ဝေဖန် ခံခဲ့ရပါတယ်။

အစ္စရေးက အာရပ် မျိုးနွယ် တွေကို စော်ကား သလို ဖြစ်ခဲ့ရပါတယ်။ သူ့အနေနဲ့ ဒီလို စော်ကားဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ပြောခဲ့တာ မဟုတ်ကြောင်း၊ ဒီအတွက် တောင်းပန် ပါကြောင်း မစ္စတာ နေတန်ညာဟု က ပြောကြား ခဲ့ပါတယ်။

အစ္စရေး အာရပ် ပါတီ တွေရဲ့ ညွန့်ပေါင်း အဖွဲ့ ခေါင်းဆောင် တယောက် ဖြစ်တဲ့ Ayman Odeh ကတော့ သူ့ တောင်းပန် စကား ကို ပယ်ချ ခဲ့ပါတယ်။

မစ္စတာ နေတန်ညာဟု ဟာ လူမျိုး ခွဲခြားတဲ့ ဥပဒေ တွေ ပြုဖို့ စီမံခဲ့ရုံ သာမက အခု သူ့စကား ကြောင့် အစ္စရေးက အာရပ် တွေရဲ့ မဲပေးခွင့် ကို ပါ ခြိမ်းခြောက် သလို ဖြစ်နေပြီ မို့ ဒီတောင်းပန်တဲ့ ဆင်ခြေ စကားတွေကို လက်မခံနိုင်ဘူး လို့ Ayman Odeh က ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ