တူနီးရှား တိုက်ခိုက်မှု၊ ရဲမှူး ၆ ဦးကို ထုတ်ပယ်

ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေး ကင်မရာထဲမှာ သေနတ်သမား ၂ ယောက်ကို မြင်ရ

တူနီးရှား နိုင်ငံမှာ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင် နိုင်တဲ့ နေရာ တစ်ခုဖြစ်တဲ့ တူးနစ်မြို့က Bardo ပြတိုက်တိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူတွေ သေဆုံး ခဲ့ရတဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် ရဲဌာန အကြီးအကဲ ၆ ယောက်ကို ဝန်ကြီးချုပ် Habib Essid က ရာထူးကနေ ထုတ်ပယ် လိုက်ပါတယ်။

တူနီးရှား မြို့တော်၊ တူးနစ်မြို့က ဘာဒို ပြတိုက်ကို သွားရောက် ကြည့်ရှုရာမှာ လုံခြုံရေး အားနည်းချက် အတော်များများကို ဝန်ကြီးချုပ်က တွေ့ခဲ့တယ်လို့ မစ္စတာ Essid ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဥရောပက ကမ္ဘာလှည့် ခရီးသည် အများစု အပါအဝင် ၂၃ ယောက် သေဆုံး ခဲ့ရတဲ့ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ခိုက်သူ သေနတ်သမား ၂ ယောက်ကို အသေ ဖမ်းမိခဲ့ပြီး ရဲ တစ်ယောက်လည်း သေဆုံး ခဲ့ပါတယ်။

တတိယမြောက် သေနတ်သမား ကတော့ လွတ်မြောက် နေဆဲ ဖြစ်တယ်လို့ တူနီးရှား သမ္မတက တနင်္ဂနွေ နေ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ