အာဖဂန်က ကန်တပ်တွေ ဆုတ်ခွာမှု နောက်ကျမယ်

obama
Image caption ဝါရှင်တန်မှာ ၂ နိုင်ငံ သမ္မတ တွေ တွေ့ဆုံ

အာဖဂန် သမ္မတ Ashraf Ghani ရဲ့ တောင်းဆိုချက် အရ အာဖဂန်က အမေရိကန်တပ်တွေ ဆုတ်ခွာမှု နောက်ကျမယ်လို့ သမ္မတ အိုဘားမားက ကြေညာ လိုက်ပါတယ်။

အာဖဂန် လုံခြုံရေး တပ်ဖွဲ့ တွေကို ကူညီနိုင်ဖို့ အတွက် မြေပြင် တပ်ဖွဲ့ တွေနဲ့ ညှိနှိုင်းပြီး အချိန်ဇယားချ ဆောင်ရွက်သွားဖို့တွေ ရှိတယ်လို့ အိုဘားမား က ပြောပါတယ်။

ဝါရှင်တန်မှာ ၂ နိုင်ငံ သမ္မတ တွေ တွေ့ဆုံ ဆွေးနွေးပွဲ အပြီး ပူးတွဲ ထုတ်ပြန် ချက်မှာတော့ အမေရိကန် တပ်သား တသောင်း လောက်ကို ဒီနှစ်ကုန်ထိ ဆက်ထားမယ် လို့ ပါပါတယ်။

အရင်က ဒီတပ်တွေကို နှစ်ကုန်မှာ ထက်ဝက်ထိ လျှော့ဖို့ စီစဉ် ခဲ့တာပါ။

အချိန်ဇယား ပြောင်းရွှေ့ လိုက်တဲ့ အတွက် အာဖဂန် တပ်တွေ လေ့ကျင့် ပေးရေး အတွက် ပိုကောင်းတယ် လို့ မစ္စတာ ဂါနီက ပြောပါတယ်။

မကြာခင်မှာ နွေဦးပေါက် စစ်ဆင်ရေးတွေ စတော့မှာ ဖြစ်ပါတယ်။

အာဖဂန် တိုက်ပွဲတွေမှာ အမေရိကန် တပ်တွေ မပါဝင်ဖို့ ဆုံးဖြတ်ချက် ကတော့ မပြောင်းလဲဘဲ ၂ဝ၁၆ အကုန်မှာ သံရုံးပဲ ထားတဲ့ အဆင့်ထိ လျှော့ချ သွားဖို့ ရှိတယ်လို့ အိုဘားမားက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ