လီကွမ်ယု ရုပ်အလောင်းကို ဂါရဝပြုဖို့ ထောင်ချီ တန်းစီ

ဓာတ်ပုံ မူပိုင် AFP
Image caption လီကွမ်ယု ရုပ်အလောင်းကို နောက်ဆုံး ဂါရဝ ပြုဖို့ နာရီ အတော်ကြာကြာ တန်းစီ စောင့်ဆိုင်းကြ။

စင်ကာပူ နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ ရုပ်အလောင်းကို အများပြည်သူ ကြည့်ရှုနိုင်ဖို့ ထားရှိတဲ့ ပါလီမန် အဆောက်အအုံမှာ ထောင်နဲ့ချီတဲ့ လူတွေ တန်းစီပြီး နောက်ဆုံး ဂါရဝ ပြုနေ ကြပါတယ်။

တနင်္လာနေ့က အသက် ၉၁ နှစ် အရွယ်မှာ ကွယ်လွန် ခဲ့တဲ့ မစ္စတာ လီဟာ စင်ကာပူကို ဝန်ကြီးချုပ် အဖြစ်နဲ့ ၃၁ နှစ်ကြာ ဦးဆောင်ခဲ့သူ ဖြစ်ပြီး၊ သူ့ကို စင်ကာပူ နိုင်ငံ ထူထောင်သူ ဖခင်ကြီး အဖြစ် အများက ရှုမြင်ကြတာ ဖြစ်ပါတယ်။

အစောပိုင်းက မစ္စတာ လီရဲ့ ရုပ်အလောင်း ထည့်ထားတဲ့ ခေါင်းတလားကို စင်ကာပူ အလံ လွှမ်းခြုံပြီး အစိုးရ အိမ်တော်ကနေ ပါလီမန် အဆောက်အအုံကို အခမ်းအနားနဲ့ သယ်ဆောင် ခဲ့ရာမှာလည်း လမ်းတလျှောက် ထောင်နဲ့ချီတဲ့ လူတွေ စောင်းဆိုင်း ဂါရဝ ပြုခဲ့ကြပါတယ်။

မစ္စတာ လီ ကွယ်လွန်မှု အတွက် စင်ကာပူမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၇ ရက်ကို သတ်မှတ် ထားပြီး မစ္စတာ လီရဲ့ ရုပ်အလောင်းကို အများပြည်သူ ကြည့်ရှုနိုင်ဖို့ လာမယ့် စနေနေ့ ည အထိ ပါလီမန်မှာ ထားရှိမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မှာတော့ မစ္စတာလီရဲ့ ရုပ်အလောင်းကို ယဉ်ကျေးမှု စင်တာ တစ်ခုကို ပြောင်းရွှေ့ပြီး နိုင်ငံတော် စျာပန ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ