တိကရစ်မြို့ကို ကန် လေကြောင်းတိုက်မှု စတင်

ဓာတ်ပုံ မူပိုင် AP
Image caption တိကရစ် မြေပြင် ထိုးစစ်တွေမှာ ရှီးယား လက်နက်ကိုင်တွေ ဦးဆောင် ပါဝင်။

အီရတ် နိုင်ငံ၊ တိကရစ် မြို့ထဲက IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေကို လေကြောင်း တိုက်ခိုက်မှုတွေ စတင် လိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ပြောဆို ခဲ့ပါတယ်။

တိကရစ် မြို့ကို ပြန်လည် သိမ်းယူဖို့ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးမှာ နှောင့်နှေး နေတဲ့အတွက် အီရတ် ဝန်ကြီးချုပ်က အမေရိကန်ကို အစောပိုင်းက အကူအညီ တောင်းခံ ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ တိကရစ် မြို့ထဲက IS အဖွဲ့ ခြေကုပ် ယူထားတဲ့ အဆောက်အအုံတွေကို တိတိကျကျ ပစ်ခတ် ချေမှုန်းဖို့ ဖြစ်တယ်လို့ အမေရိကန် ဒုတိယ ဗိုလ်ချုပ်ကြီး James Terry က ပြောပါတယ်။

မြေပြင် ထိုးစစ်တွေကိုတော့ အီရတ် အစိုးရ တပ်ဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ ပြန်စခဲ့ပါတယ်။

အီရတ် တပ်ဖွဲ့တွေရဲ့ မြေပြင် ထိုးစစ်တွေကို အီရန်က ကျောထောက် နောက်ခံ ပေးထားတဲ့ ရှီးယား လက်နက်ကိုင်တွေ ဦးဆောင်တာ ဖြစ်လို့ အမေရိကန်က အစောပိုင်းက ခပ်ခွာခွာ နေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ