ဗီယက်နမ်မှာ ငြမ်းစင် ပြိုကျ၊ ၁၄ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် epa
Image caption ကယ်ဆယ်ရေး သမားတွေက ရှင်းလင်း ဆောင်ရွက်နေဆဲ။

ဗီယက်နမ် နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုမှာ ငြမ်းစင် ပြိုကျတဲ့အတွက် အလုပ်သမား ၁၄ ယောက် သေဆုံးပြီး အတော်များများ ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရ သတင်းဌာနက ပြောပါတယ်။

Vung Ang စက်မှုဇုန်မှာ ဆောက်လက်စ အဆောက်အအုံ တစ်ခုက ငြမ်းစင် ဗုဒ္ဓဟူးနေ့ ညက ပြိုကျခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသူ ၃၀ ရှိတယ် လို့လည်း ဆိုပါတယ်။

ငြမ်းစင် အောက်မှာ ပိတ်မိ နေသူတွေ ရှိ မရှိ ကယ်ဆယ်ရေး သမားတွေက ဆက်လက် ရှာဖွေ နေဆဲ ဖြစ်ပါတယ်။

ထိခိုက် သေဆုံးသူတွေဟာ Vung Ang စက်မှုဇုန်က ပင်လယ် ကမ်းခြေမှာ လှိုင်းကာတဲ့ တာတစ်ခု တည်ဆောက်နေတဲ့ ဗီယက်နမ် အလုပ်သမားတွေ ဖြစ်ပါတယ်။

အဲဒီ စက်မှုဇုန်ကို ထိုင်ဝမ် ကုမ္ပဏီ Formosa Plastics က ပိုင်ဆိုင်ပြီး အလုပ်သမားတွေကတော့ တောင်ကိုရီးယား ဆမ်ဆောင်း အုပ်စုရဲ့ ဌာနခွဲ တစ်ခုကနေ တစ်ဆင့် ပြန်ငှားထားတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ