ဘို​ကို​ဟာ​ရမ်​ ဌာန​ချုပ်​ ဖျက်​ဆီးလို့ဆို

_nigeria_army ဓာတ်ပုံ မူပိုင် AP
Image caption ဘိုကိုဟာရမ်တွေ က အစ္စလာမ်မစ် နိုင်ငံ အဖြစ် ကြေညာထားတဲ့ ဂိုဇာမြို့ကို နိုင်ဂျီးရီးယား စစ်တပ်က ပြန်လည် သိမ်းယူ။

နိုင်ဂျီးရီးယား နိုင်ငံမှာ တော့ အစ္စလာမ်မစ် လက်နက်ကိုင် ဘိုကိုဟာရမ် တွေ ရဲ့ ဌာနချုပ် အဆောက်အဦ တွေ ကို ဖျက်စီး လိုက်နိုင်ပြီ လို့ အစိုးရ စစ်ဘက် က ပြောပါတယ်။

ဘိုကိုဟာရမ် တွေ ရဲ့ ထကြွ မှုကြောင့် ကျင်းပ ဖို့ နှောင့်နှေး နေခဲ့ရတဲ့ နိုင်ဂျီးရီးယား သမ္မတ ရွေးကောက်ပွဲ ဟာ ဒီကနေ့ ကျင်းပ မှာ ဖြစ်ပါတယ်။

ဘိုကိုဟာရမ် တွေ က ခါလီဖိတ် ဆိုတဲ့ အစ္စလာမ်မစ် နိုင်ငံ အဖြစ် မနှစ်တုန်း က ကြေညာ ထားခဲ့ တဲ့ နိုင်ဂျီးရီးယား အရှေ့မြောက်ဘက် က ဂိုဇာ မြို့ ကို သမ္မတ ရွေးကောက်ပွဲ ကျင်းပ မယ့် တရက် အလို မှာပဲ အစိုးရဘက် က ပြန်လည် သိမ်းပိုက် နိုင်ခဲ့ တာ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲ မှာ လက်ရှိ သမ္မတ ဂွဒ်လပ်ခ် ဂျွန်နသန် ဝင်ရောက် အရွေးခံ မှာ ဖြစ်သလို၊ ဘိုကိုဟာရမ် တွေ ကို စစ်ရေး အရ တုန့်ပြန် ဆောင်ရွက် မှု နှေးကွေး တယ် ဆိုပြီး သမ္မတ ဂျွန်နသန်အပေါ် ဝေဖန် နေခဲ့တဲ့ နိုင်ဂျီးရီးယား ကို စစ်အုပ်ချုပ်ရေး နဲ့ အုပ်ချုပ် ခဲ့ဖူးသူ စစ်ဗိုလ်ချုပ်ဟောင်း မိုဟာမက်ဒ် ဘူဟာရီလည်း ဝင်ရောက် ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။