အီ​ရန်​နျူ​က​လီ​ယာ​အရေး အပြင်း​အထန် ဆွေးနွေး​နေ

  • 29 မတ် 2015
_iran_nuclear ဓာတ်ပုံ မူပိုင် AP
Image caption အီရန် ရဲ့ နျူကလီယာ နည်းပညာ ဆိုင်ရာ သုတေသန လုပ်ငန်းတွေကို ဘယ်လောက် အဆင့်မြင့်မြင့် လုပ်ဆောင်ခွင့် ပြု နိုင်မလဲ ဆိုတဲ့ အပေါ် သဘောတူ မှု မရနိုင် ဖြစ်နေ။

အီရန် ရဲ့ နျူကလီယာ အရေး နဲ့ ပတ်သက်ပြီး အခြေခံ သဘောတူညီ မှု ရလာဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ဖြစ်တဲ့ မတ်လ ၃၁ ရက် နီးကပ် လာတာ နဲ့ အမျှ အီရန် နဲ့ ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံ တို့ အပြင်းအထန် ဆွေးနွေး နေကြ ပါတယ်။

သက်ဆိုင်ရာ နိုင်ငံ တွေ က နိုင်ငံခြားရေး ဝန်ကြီး တွေဟာ ဆွစ်ဇာလန် နိုင်ငံ လိုဇန်း မြို့ မှာ တွေ့ဆုံ နေကြ တာ ဖြစ်ပါတယ်။

နှစ်ဘက်စလုံးက အလျှော့ပေး သဘောတူ နိုင်တာ တွေ ကို အပြန်အလှန် စမ်းစစ် နေကြတယ် ဆိုပြီး အမေရိကန် အရာရှိ တွေက ပြောပါတယ်။

အီရန် ဘက်က ဦးဆောင် ဆွေးနွေးနေ တဲ့ အဘတ်စ် အာရတ်ချီ ကလည်း သဘောတူမှု ရလာဖို့ ဖြစ်နိုင်ကြောင်း ပြောပေမယ့်၊ အခု စကားပြောပွဲ ဟာ ခက်ခဲတဲ့ အဆင့်ကို ရောက်လာပြီး ဖြေရှင်း စရာတွေ ရှိနေ သေးတယ် လို့လည်း ဆိုပါတယ်။

အနောက်နိုင်ငံ တွေဟာ အီရန် ကို နျူကလီယာ လက်နက် ထုတ်လုပ် နိုင်စွမ်း မရှိအောင် ကန့်သတ် နေကြတာ ဖြစ်ပြီး၊ အီရန် အနေနဲ့ နျူကလီယာ နည်းပညာ ဆိုင်ရာ သုတေသန ပြု လုပ်ဆောင် တာတွေ မှာ ဘယ်လောက် အဆင့်မြင့်မြင့် လုပ်ဆောင်ခွင့် ပြု နိုင်မလဲ ဆိုတဲ့ အပေါ် သဘောတူ မှု မရနိုင် ဖြစ်နေ တာပါ။

ဒါ့အပြင် အီရန် အပေါ် အရေးယူ ချမှတ် ထားတဲ့ ပိတ်ဆို့ ကန့်သတ် မှု တွေ ကို ဘယ်လောက် မြန်မြန် ရုတ်သိမ်းပေး မလဲ ဆိုတာ ကိုလည်း ညှိနှိုင်း နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ