နိုင်​ဂျီး​ရီး​ယား ရွေး​ကောက်​ပွဲအဖြေ ဒီ​နေ့ထွက်​လာ​ဖို့ရှိ

_attahiru_jega_ ဓာတ်ပုံ မူပိုင် AP
Image caption မဲဆန္ဒရှင်တွေကို စစ်တဲ့ စက် ၁သိန်းခွဲထဲမှာမှ ၃၇၄ လုံးပဲ ပျက်ခဲ့တာ ဆိုပြီး ကော်မရှင် ဥက္ကဌ တုန့်ပြန်။

နိုင်ဂျီးရီးယား နိုင်ငံ ရဲ့ သမ္မတ ရွေးကောက်ပွဲ မှာ ဘယ်သူ အနိုင်ရလဲ ဆိုတာ ကို ဒီနေ့ အမီ ကြေညာ ပေးနိုင် ဖို့ မျှော်လင့် ထားကြောင်း နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ က ဆိုပါတယ်။

စနေ နေ့ ရွေးကောက်ပွဲ တုန်းက မဲဆန္ဒရှင် တွေ ရဲ့ သက်သေခံ ကတ်ပြား တွေ ကို စစ်တဲ့ စက်တချို့ ချို့ယွင်း မှု တွေ ဖြစ်ခဲ့ လို့ မဲ မပေး လိုက်ရ သူတွေ အတွက် အချိန် တစ်ရက် ထပ်တိုးပြီး မနေ့ က အထိ နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ကို ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကြန့်ကြာခဲ့မှု တွေ ဖြစ်ခဲ့ တဲ့ အပေါ် ဝေဖန် နေသူ တွေ ကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အာတာဟီးရူး ဂျေးဂါး က စက်ပေါင်း ၁ သိန်းခွဲ မှာ အလုံးပေါင်း ၃၇၄ လုံးပဲ ချို့ယွင်း ခဲ့တာ ဖြစ်တယ် ဆိုပြီး ပြန်လည် တုန့်ပြန် ခဲ့ပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံရေး သုံးသပ်တွေ အတွက် ဒီ ရွေးကောက်ပွဲ မှာ အဓိက ပြိုင်ဘက် ၂ ဦး ဖြစ်တဲ့ လက်ရှိ သမ္မတ ဂွဒ်လပ်ခ် ဂျွန်နသန် နဲ့ စစ်ခေါင်းဆောင် ဟောင်း မိုဟာမက်ဒ်ဒူ ဘူဟာရီ တို့ ဘယ်သူ နိုင်မလဲ ဆိုတာ အပြတ် မပြော နိုင် ဖြစ်နေ ပါတယ်။

ရွေးကောက်ပွဲ ကို စောင့်ကြည့် လေ့လာ ခဲ့တဲ့ အာဖရိက နိုင်ငံများ သမဂ္ဂ အဖွဲ့ က နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ဟာ ခြုံငုံပြီး ပြောရရင် ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ကျင်းပ နိုင်ခဲ့တယ် ဆိုပြီး ချီးကျုး လိုက်ကာ ထွက်ပေါ် လာမယ့် ရွေးကောက်ပွဲ ရလာဒ်ကို လည်း ပြည်သူတွေ က လက်ခံ ကြဖို့ တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ