အီရန် အဏုမြူ ရေး ညလုံးပေါက် ဆွေးနွေး

  • 30 မတ် 2015
iran ဓာတ်ပုံ မူပိုင် AP
Image caption အီရန် အက်တမ် သန့်စင်မှုကို ကန့်သတ်ဖို့ ဖိအားပေး

အီရန် အဏုမြူ ရေး အတွက် နောက်ဆုံး ရက်သတ်မှတ်ချက် ဖြစ်တဲ့ အင်္ဂါနေ့ မှာ သဘော တူညီမှု တခု ရဖို့ ဆွစ်ဇာလန်မှာ ညလုံးပေါက် ဆွေးနွေး နေကြပါတယ်။

အင်အားကြီး ၆ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေက အီရန် အဏုမြူ လက်နက် မထုတ်အောင် တားမြစ် ပိတ်ပင်တဲ့ အနေနဲ့ အီရန် ရဲ့ အက်တမ် သန့်စင်မှုကို ကန့်သတ်ဖို့ ဖိအားပေး နေကြပါတယ်။

ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး Frank-Walter Steinmeier က ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဆွေးနွေးပွဲ အောင်မြင်မှု တွေ ရခဲ့ပါတယ်။

ဒါပေမဲ့ အခု အနေအထားမှာ အကြိတ်အနယ် ဆွေးနွေးတဲ့ အဆင့် ရောက်နေတယ်လို့ ပြောပါတယ်။

ဒီသန့်စင်မှုတွေ လျှော့ချပေးရင် အီရန်ကို ပိတ်ဆို့မှုတွေ ဖြေလျှော့ ပေးမယ်လို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

အီရန်ဘက်က ပိတ်ဆို့မှုတွေကို မြန်မြန် ရုပ်စေချင်ပေမယ့် အနောက် နိုင်ငံတွေကတော့ ဖြည်းဖြည်းချင်း ရုပ်သိမ်းတာကို လိုလားတယ်လို့ ဆွေးနွေးပွဲ ကျင်းပနေတဲ့ လိုဇန်း မြို့က ဘီဘီစီ သတင်းထောက်က ပေးပို့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ