အီရန် နျူ ဆွေးနွေးမှု နောက်ဆုံးရက် ရောက်ရှိ

ဓာတ်ပုံ မူပိုင် epa
Image caption အီရန် နျူ အရေးအတွက် သဘောတူညီချက် ရဖို့ ၁၈ လကြာ ဆွေးနွေးခဲ့ပြီး ဖြစ်။

အီရန် နျူကလီးယား အစီအစဉ် အတွက် နောက်ဆုံးထား ဆွေးနွေးရမယ့် ရက်ဖြစ်တဲ့ ဒီကနေ့ အင်္ဂါနေ့မှာ ပဏာမ သဘောတူညီချက် တစ်ခု ရဖို့ အလားအလား ကောင်းနေတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လက်ဗ်ရော့ဗ်က ပြောပါတယ်။

ဆွစ်ဇာလန် နိုင်ငံ၊ လိုဇန်းမြို့မှာ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲကို တနင်္လာနေ့က ဆွေးနွေးပွဲကနေ ထွက်သွားခဲ့တဲ့ မစ္စတာ လက်ဗ်ရော့ဗ်က ဒီကနေ့ အင်္ဂါနေ့မှာ ပြန်လည် လာရောက် ခဲ့တဲ့အတွက် သဘောတူညီချက် ရဖို့ နီးစပ်နေပြီလို့ ဆိုနိုင်ပါတယ်။

အီရန် နျူကလီးယား အစီအစဉ် အတွက် အင်အားကြီး ၆ နိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ တရုတ်၊ ရုရှားနဲ့ ဂျာမနီ တို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက အီရန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေး နေတာ ဖြစ်ပြီး ၁၈ လ ကြာခဲ့ပြီ ဖြစ်တဲ့ ညှိနှိုင်းမှုတွေရဲ့ နောက်ဆုံး သတ်မှတ်ရက်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

အီရန်ကို အနုမြူ လက်နက် ထုတ်လုပ် နိုင်ခြင်း မရှိအောင် သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို အင်အားကြီး နိုင်ငံတွေက ကန့်သတ်မှုတွေ ထားရှိဖို့ ကြိုးစား နေတာ ဖြစ်ပြီး အပြန်အလှန် အားဖြင့် အီရန် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ